Zawgyi
"ဒါက ဘာလဲ"
တွေ့တာနဲ့လက်မှာပတ်ထားတဲ့လက်ပတ်ကို
တန်းမြင်တဲ့Naကြောင့် Perth စိတ်လေ
သွားရသည်။"ဒီတိုင်း ကိုယ်သဘောကျလို့ပတ်ထားတာ"
"ဒါပေမဲ့ Saint လက်မှာလဲ အဲ့လိုတစ်ခု
တွေ့တယ်""ဒါက လက်ပတ်လေးတစ်ခုပဲလေNaရာ
ဘယ်သူမဆိုဝတ်လို့နေတာပဲ""ဒါပေမဲ့လည်း Saintနဲ့ကို"
"တီချယ်လာပြီ Na"
သူမစကားကိုဖြတ်ပြောလာတဲ့ Perthကြောင့်
Na ဆက်မပြောဖြစ်တော့ ။ဘာလဲမသေချာ
ပေမဲ့ သူမစိတ်ထဲတစ်ခုခုကတော့ မမှန်။"ကိုယ်ကိစ္စရှိလို့ ဒီနေ့လိုက်မပို့တော့ဘူး
ကောင်းကောင်းပြန်နော် ""အင်း Na ကိုယ့်ကိုအရမ်းချစ်တယ်နော်"
"အွန်း"
"ဒါပဲလား ကိုယ်လည်းNaကိုချစ်တယ်လို့
ပြန်ပြောဦးလေ"ပြောလည်းပြော ကားပေါ်မတက်ခင် Perth
ပါးကို Na လှမ်းနမ်းလိုက်သည်။"ချစ်ပါတယ် ဂရုစိုက်ပြန်နော်Na"
အပြုံးတွေနဲ့Na ကားပေါ်တက်သွားတာနဲ့
Perthအမြန်ပြေးရတော့သည်။အတူတူပြန်
ချင်လို့ စောင့်ပါလို့Messageပို့တာကို
Saintက လှည့်တောင်မကြည့်။"Saint ဟားးးးးးးးငါ့ကို စောင့်ဦးလေ"
အမောတကောလှမ်းခေါ်တဲ့Perthကို
Saintက လစ်လျူရှုထားမြဲ။နေပါစေ
အဆောင်ရောက်လို့ နှစ်ယောက်တည်းကျမှ
သိမယ်။Perth စိတ်ထဲက ကြိမ်းဝါးရင်း
မှီလုလုဖြစ်နေတဲ့ Saint လက်ကို တင်းတင်း
ဆွဲတော့ မျက်ခုံးတွေအသာပင့်ရင်း လှည့်
ကြည့်လာ၏။"Saint မင်းကကွာ"
"ဘာလဲ"
"ငါ့ကိုစောင့်ပါဆို"
ဆူပုတ်ပြီးပြောနေတဲ့Perthကိုကြည့်ပြီး
Saint မျက်မှောင်တွေတွန့်သွား၏။"မင်းနှုတ်ခမ်းကဘာဖြစ်တာလဲ ဝက်ဖင်
ကြီးကျလို့""မင်းကကျ ငါ့ကိုဘာလို့မစောင့်လဲ ဘယ်လို
ပဲ silent လို့ပြောပြော ငါကမင်းချစ်သူ
ပဲဟာကို"

YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...