Zawgyi
မျက်နှာပေါ်ကဒဏ်ရာတွေကို ကြပ်ထုပ်ထိုး
ပေးနေတဲ့ Saint မျက်နှာကို Perth မမှိန်
မသုတ်ကြည့်နေမိတယ်။Joထွက်သွားတာနဲ့
သူ့လက်ကို ဆွဲခေါ်လာပြီး အခန်းထဲရောက်တာ
နဲ့ ဒဏ်ရာတွေကိုပဲ ဂရုတစိုက် ကြည့်ပေးနေတာ
ခုချိန်ထိစကားတစ်ခွန်းမဆိုသေး။သူလွန်သွား
မှန်းသိပေမဲ့ မတင်မကျဖြစ်နေဆဲစိတ်ကြာင့်
တောင်းပန်စကားမဆိုမိသေး။ဟိုလူ့နဲ့ရင်ချင်း
ကပ်ထွေးဖက်နေတဲ့မြင်ကွင်းက သူ့မျက်လုံးထဲက
မထွက်။"ဆေးလူးပြီးပြီ မျက်နှာရေမထိစေနဲ့"
"Saint"
ပြောပြီးထထွက်ဖို့ပြင်နေတဲ့ Saintလက်ကို
လှမ်းဆွဲရင်းသူခေါ်တော့ မျက်မှောင်တွေကြုံ့
ရင်း သူ့ဘက်ကို အကြည့်တစ်ချက်ပို့လာ၏။"ဘယ်သွားမလို့လဲ"
"ငါ့သူငယ်ချင်း အခန်းမှာ စာသွားကျက်မလို့"
"ဒီနေ့မှကျောင်းစတက်တာလေ အဲ့လောက်
အသည်းအသန်ကြိုးစားနေဖို့ လိုလို့လား""အဲ့ဒါ ငါ့ကိစ္စ မင်းနဲ့မဆိုင်ဘူး"
"ဘာလဲ မင်းလူ စိတ်ဆိုးသွားလို့ ငါ့ကိုမဲနေတာ
လား ငါကမြင်တဲ့အတိုင်းပြောတာလေ
ဘာမှားသွားလို့လဲ"ဒီတခါတော့ Saintက သူ့ကို စိတ်ပျက်လွန်းနေ
တဲ့ပုံနဲ့ ကြည့်လာတယ်။"မင်းမမှားဘူး မြင်တဲ့အတိုင်း ငါတို့လိုGay
တွေက အဲ့လိုချည်းပဲ မင်းကျေနပ်ပြီမလား
အခု ငါ့လက်ကိုလွှတ်တော့"လွှတ်ခိုင်းပြီးရုန်းကာမှ ပိုဖိကိုင်လာတဲ့လက်တွေ
"ငါ့ကို မရွဲ့နဲ့ Saint"
"ရွဲ့နေလို့လား မင်းကြားချင်တာ အဲ့လိုပဲ
မဟုတ်ဘူးလား""ဟာကွာ"
Perthကစိတ်မရှည်တော့ဟန်နဲ့Saint လက်ကို
လွှတ်ပြီး ဘေးနားက ခေါင်းအုံးတွေကို နံရံဆီ
ကောက်ပေါက်သည်။Saintကတော့ ထုံးစံ
အတိုင်း မျက်နှာသေနဲ့သာ ဘာခံစားချက်မှ
မရှိသလို ခပ်တောင့်တောင့်ရပ်လျက်
YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...