"သား Saint သတိရပြီလား"
"Perthရော Perth ဘယ်မှာလဲ မား"
မျက်လုံးဖွင့်ဖွင့်ချင်းမားကိုမြင်မိပြီးတာနဲ့
အရင်ဆုံးသတိရမိတာPerthSaintမေးလိုက်ပြီးတာနဲ့ မားမျက်နှာက
အနည်းငယ်ပျက်ယွင်းသွားသည်ဟု
Saint စိတ်ထဲထင်မိသည်။"အရင်နားလိုက်ပါဦး doctorကသား
အရမ်း ပင်ပန်းနေလို့ စိတ်ရောကိုယ်ပါ
အနားပေးဖို့လိုတယ်လို့ ပြောသွားတယ်""သားကိုပြောပါPerth ဘာဖြစ်သွားသေးလဲ သူသားကိုကယ်ရင်းနဲ့ဖြစ်တာ
သားကြောင့်သာမဟုတ်ရင်"မားကSaintကိုစကားဆက်ခွင့်မပြု Saint
ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ရင်း"ခုချိန်မှာ ဒါတွေမပြောပါနဲ့သားလေးအရမ်း
အားနည်းနေသေးတယ် နားတော့နော်"Saint ခေါင်းကိုသွက်သွက်ခါအောင်ရမ်းမိ
သည် ပုံမှန်ဆိုမားကဒီလောက်စကားလမ်း
ကြောင်းလွှဲနေဖို့မလို ခုဟာကမူမမှန်Perthများတစ်ခုခု။မဟုတ်ဘူး ဖြစ်လို့
မရဘူး သူPerthကို ဒီလိုကြီးလက်မလွှတ်
ချင်"ပြောပြပါ မား Perth ဘယ်မှာလဲ
မသိရရင် သားစိတ်အေးမှာမဟုတ်ဘူး"အသည်းအသန်တောင်းဆိုနေတဲ့Saint
ကိုကြည့်ပြီး မားကသက်ပြင်းဖွဖွချပြန်တယ်"သားပဲPerthကိုထွက်သွားစေချင်တယ်ဆို
အနားမှာ သူရှိနေရင်စိတ်ရှုပ်ရတယ်မလား
သူ့ကြောင့်အမြဲနာကျင်ရတယ်ဆို အဲ့လိုလူ
အခုသားဘေးမှာမရှိတော့ဘူး ဘာလို့
စိတ်ချမ်းသာနေရမယ့်အစား သူ့အကြောင်း
ဒီလောက်သိချင်နေရတာလဲကွယ်"မားမေးတာတွေကို မဖြေနိုင်သေးခင်
မျက်ဝန်းထဲက မျက်ရည်စတွေဟာ
အရင်လျှံထွက်လာခဲ့တယ်
တုန်ရီနေတဲ့နှုတ်ခမ်းဖျားကထွက်လာတဲ့
အဖြေဟာ တိုးလျပေမဲ့ တိတ်ဆိတ်နေတဲ့
အခန်းထဲ ကောင်းကောင်းကြားရဖို့
လုံလောက်နေတယ်"ချစ်လို့ ချစ်လို့ပါ "
အဖြေအဆုံးမှာ သနားကြင်နာရိပ်တွေ
အပြည့်နဲ့မားက Saintကိုပွေ့ဖက်လာတယ်

YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...