Part 28

1.3K 183 32
                                    

Zawgyi

"နင်​ပြတ်​သားလိုက်​သင့်​ပြီ Saint ဒိထက်
ပိုခံစားရနိုင်​တဲ့အခြေအနေတွေကိုသိသိရက်​နဲ့
ရှေ့ဆက်​မတိုးချင်​စမ်းပါနဲ့"

"ငါလည်းနောက်​ဆုတ်​ချင်​ပါတယ်
Perthနားမှာ ဒီလိုရှိနေရတာ ငါတကယ်​ပင်​ပန်း
တယ်​ လမ်းခွဲလိုက်​ဖို့စဉ်းစားပြန်​တော့လည်း
သူမရှိတော့ရင်​ဆိုတဲ့ ခံစားချက်​ကြီးက
ရူးမတက်​ပဲ "

အသက်​မဲ့နေတဲ့မျက်​ဝန်းတွေက ရွေ့လျားခြင်း
မရှိ တစ်​နေရာတည်းကိုပဲကြည့်​ရင်း ပြောနေ
ပုံက မသိရင်​ စိတ်​လွတ်​နေသူတစ်​ယောက်​လို
Saint ပုံစံက မြင်​နေရတဲ့ Jasတစ်​ယောက်
ဘယ်​လိုမှ စိတ်​မချမ်းသာ

"နင့်​အနားမှာရှိနေသင့်​တဲ့တစ်​ယောက်​ယောက်
ကPerthမဟုတ်​ဘူးSaintသူ့ထက်​စာရင်
P'Jo ကမှ နင့်​ကိုနားလည်​သေးတယ်​"

"ငါယောက်ျားတိုင်းကိုမကြိုက်​ဘူးJas
သူ့တစ်​ယောက်​ကိုပဲ~~~~~~~ချစ်​တာ"

အနားသတ်​မှာတိမ်​ဝင်​သွားတဲ့Saint
အသံကြောင့်​ Jas ရင်​ထဲမကောင်း
သို့သော်​ ပြောသင့်​တာကိုတော့ ပြောရပေ
ဦးမည်​ မပြောရက်​ရင်​တောင်​မှပေါ့

"ချစ်​တော့ရော ဘာကောင်းလို့လဲSaint
ချစ်​နေတာကို ချစ်​ပါတယ်​လို့ နင့်​အနေနဲ့
တရားဝင်​ပြောပိုင်​ခွင့်​ ရှိလို့လား ဟမ်​ ပြီးတော့
သူ့ကောင်​မလေး Na Na နင်​သူ့ကိုရော
မျက်​နှာချင်းဆိုင်​ရဲလို့လား နင်​ကမိန်းကလေး
တစ်​ယောက်​ရဲ့ချစ်​သူကိုလုယူထားတာလေ
ပြီးတော့နင်​ကSilent"

"ငါ Naကိုတကယ်​အားနာပါတယ်​ ပြီးတော့
သူ့ကိုမြင်​ရတိုင်း ငါတအားရှက်​သလို
သိမ်​ငယ်​တယ်​ ငါNaလက်​ထဲကနေPerth
ကိုဆွဲမထုတ်​ပါဘူး ဒါပေမဲ့နေခွင့်​ရသလောက်
တော့ Perthအနားမှာနေချင်​သေးတယ်​ "

"နင်​ရူးနေပြီလားSaint နင်​မစဉ်းစားတတ်​တော့
ဘူးလား နင့်​မှာဘာကျန်​တော့လို့လဲဟမ်
နင်​ဒီလောက်​ခံစားနေရတာတောင်​မှ ဟားးးးး
ပြောစမ်း နင့်​ကိုယ်​နင်​မမြင်နိုင်​တော့ဘူးလား
ဒီလောက်​စုတ်​ပြတ်​သတ်​နေတာတောင်​မှလေ"

ချိုမြိန်​သော.........အရှုံးWhere stories live. Discover now