"Saint မင်းအဆင်ပြေရဲ့လား"
Tanapon ခြံရှေ့ရောက်နေပြီးမှ ဝင်ဖို့တွန့်
ဆုတ်နေဟန်နဲ့ PerthကSaintဘက်လှည့်
မေးလာသည် Saint ခပ်ဖွဖွပြုံးလိုက်ရင်း"ကြိုမြင်နိုင်တာမှမရှိတာပဲ မင်းငါ့လက်ကို
မလွှတ်တော့ပါဘူးဆိုတဲ့ ကတိကိုတော့
ငါယုံတယ်လေ မင်းနဲ့သာဆိုအဆင်ပြေ
ပါတယ်"ပြုံးဖွဖွ Saintမျက်နှာကိုကြည့်ရင်Perth
ရင်ထဲကြည်နူးရသည် ဒီလောက်မြတ်နိုး
ဖွယ်ကောင်းတဲ့လူသားလေးကို လက်လွှတ်
မိမလိုဖြစ်ခဲ့တဲ့အကြိမ်တွေကို ပြန်တွေးမိ
တော့ခြောက်ခြားစရာအတိ တော်သေး
တာပေါ့ အနားမှာရှိနေပေးလို့လူခေါ်ဘဲလ်ကိုတီးလိုက်တော့ ခပ်သုတ်
သုတ်ထွက်လာတဲ့ ခြံစောင့်ဦးလေး
Perthတို့ကိုမြင်တော့ အံ့သြဝမ်းသာသွား
ဟန်"အကိုလေးPerth ပြန်လာတယ်"
"ဟုတ် ဦးလေးခြံတံခါးဖွင့်ပေးလို့ရလား"
"ဝင်ကြ ဝင်ကြ အိမ်ထဲမှာသားအဖေနဲ့အမေ
ရှိတယ်"Perth ဖွဖွပြုံးမိသည်။ပါးက အခုထိသူ့ကို
အမွေမဖြတ်သေးသလို သူပြန်လာရင်
ခြံထဲအဝင်မခံဖို့တွေဘာတွေလည်း အိမ်
အလုပ်သမားတွေကို မှာကြားထားဟန်
မတူSaint လက်ကိုဆုပ်ကိုင်ရင်း တောက်
လျှောက်အိမ်ထဲတန်းဝင်တော့ ဧည်ခန်း
ထဲမှာ မျက်နှာနွမ်းနွမ်းနဲ့ထိုင်နေတာ
မားနဲ့ပါး" ပါး မား"
မဝံ့မရဲခေါ်မိတော့ ဇဝေဇဝါနဲ့မော့ကြည့်
လာတဲ့မျက်ဝန်းတွေက တစ်ဆက်တည်း
မှာပင် အံ့သြဟန်ပါတစ်ခါတည်းပြောင်း
သွားသည်"မင်းဘာလာပြန်လုပ်တာလဲ Perth"
ဆုပ်ကိုင်ထားတဲ့လက်တွေကိုလှမ်းကြည့်
ရင်း ခပ်မာမာမေးလာတဲ့ ပါးရဲ့အသံ
Perth စိတ်ကိုတင်းလိုက်ရင်း"ကျွန်တော့်ချစ်သူကိုခေါ်ပြီး ပါးတို့နဲ့လာ
တွေ့တာပါ"မျက်ရည်စမ်းတမ်းနဲ့မားကPerthမျက်နှာကို
ဝမ်းပန်းတနည်းနဲ့အသာတွေကြည့်ရင်း
ဘာမှဝင်မပြော ပါးမျက်နှာကတော့
တင်းမာလျက်

YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...