Zawgyi
"မင်း နိုးနေတာလား"
နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသူရဲ့ မျက်နှာကို တမေ့
တမော ငေးမိနေတုန်း အနှီလူသားရဲ့ မျက်ဝန်း
တွေ ပွင့်လာတာမို့ မေ့မေ့လျော့လျော့ ပြုံးနေမိ
တဲ့ နှုတ်ခမ်းတွေကို အရှိန်သတ်လိုက်သည်။"အခုလေးတင်ပဲ"
"မှန်း သက်သာရဲ့လား ကိုယ်တွေပူနေသေးရင်"
ပြောလည်းပြော perth ရဲ့လက်က သူ့နဖူးဆီ
ဦးတည်လာသည်မို့ Saint ခေါင်းကို အသာ
စောင်းငဲ့ကာ ရှောင်လိုက်ရင်း"ရတယ် "
"သြော်~~~~~အင်း"
Perth မျက်နှာပျက်သွားတာကို သတိထားမိ
ပေမဲ့ မသိကျိုးကျွန်သာပြုလိုက်၏။ငါက မင်းရဲ့
ဥပေက္ခာတွေနဲ့ နေသားကျပြီးသားမို့ အရင်လို
ဂရုစိုက်မှုတွေနဲ့ ပြန်ပြီးမထိတွေ့ချင်တော့ဘူး
ငါ ဒုတိယအကြိမ်မနာကျင်ချင်တော့တာမို့........"ငါ doctor သွားခေါ်လိုက်ဦးမယ်"
"အင်း"
ထထွက်သွားတဲ့ Perth ကျောပြင်ကို ကြည့်ပြီး
ခုနက သိမ်းဆည်းလိုက်တဲ့ အပြုံးယဲ့ယဲ့ကို နှုတ်ခမ်းထက် ပြန်တင်မိသည်။ငါက ဒီအတိုင်း မင်း
အသိအမှတ်ပြုတဲ့ သာမန်သူငယ်ချင်းတွေထဲ
က တစ်ယောက်ဖြစ်ခွင့်ရရုံလောက်ဆိုရင်ပဲ
ကျေနပ်ပါပြီ။မင်းချစ်သူအပြင် ငါ့ကိုပါ နေရာ
တကာ လိုက်ဂရုစိုက်ပေးနေရမယ်ဆို မင်းပဲ
ပိုပင်ပန်းရလိမ့်မယ် Perth.....တကယ်တော့
မင်းမှာ အရာအားလုံးထက် ပိုအလေးထားရတဲ့
ချစ်သူဆိုတာ ရှိလာပြီးတည်းက ခပ်ပျပျ သံ
ယောဇဉ်နဲ့ သူငယ်ချင်းဆိုတဲ့ ငါက ဘေးကို
အလိုလို ရောက်သွားပြီးသားပါ~~~~~~~~****************
"မင်းအဆင်ပြေတာ သေချာလားSaint"
"သေချာတယ် မင်းပြန်တော့"
"ဘာလို့လဲ ငါအိမ်ထဲထိ လိုက်ပို့ပေးမယ်"
"အမေ သိလား"
"ဘာကိုလဲ "
"ငါ ဆေးရုံတက်ရတာကို"
"လူကြီးတွေ တအားစိတ်ပူသွားမှာစိုးလို့ ငါ
အကြောင်းမကြားမိဘူး doctorကလည်း
မင်းနိုးလာလို့အခြေအနေအရမ်းမဆိုးတော့ရင်
ဆေးရုံကဆင်းလို့ရတယ်ဆိုလို့"

ВЫ ЧИТАЕТЕ
ချိုမြိန်သော.........အရှုံး
Фэнтезиမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...