part 16

1.1K 162 26
                                    

Zawgyi

လူအသွားအလာပြတ်​လပ်​နေတဲ့ လမ်းထောင့်
တစ်​နေရာမှာ တစ်​ခါတလေမှ ဖြတ်​သွားတဲ့
ကားတစ်​ချို့နဲ့ဓာတ်​တိုင်​ကဖြာကျနေတဲ့
မီးရောင်​ကလွဲ အားလုံးဟာ တိတ်​ဆိတ်​လျက်​။

သူဘာလုပ်​မိတာလဲ?

သူတကယ်​ကို ဘာဖြစ်​သွားတာလဲ?

ဒီတိုင်းလမ်းဘေးပလက်​ဖောင်းပေါ်မှာ ထိုင်​ချ
လိုက်​ရင်းလူက အသိစိတ်​ကင်းမဲ့နေသူလို

တစ်​ခါမှစိတ်​ကူးနဲ့တောင်​မတွေးဖူးတဲ့ အနမ်းတွေ
ကို စဉ်းစားမှုတော့ နှုတ်​ခမ်းဖျားထက်​ကနူးညံ့မှုက ခုထိသက်​ဝင်​နေဆဲ။

"အ~~~~~~ ကျွတ်​"

နှုတ်​ခမ်းကိုစမ်းလိုက်​ပေမဲ့ နဲနဲလှုပ်​လိုက်​တာနဲ့
နာကျင်​သွားမှုက မျက်​နှာတစ်​ပြင်​လုံး။ကျိန်းသေ
ဒါက Saint ထိုးနှက်​သွားတဲ့လက်​သီးချက်​တွေ
သူကိုယ်​တိုင်​လည်းဖြစ်​ပျက်​သွားသမျှကို ဆင်​ခြင်
ချိန်​မရလိုက်​။အလုံးစုံသော ချိုမြိန်​နူးညံ့မှုမှာ
သူတကယ်​ကိုနစ်​မြောသွားတာ။

"ဟားးးးးမဖြစ်​နိုင်​ဘူး"

ဒါတွေမတိုင်​ခင်​က သူ့စိတ်​အခြေအနေကို သူ
နားလည်​သေးသည်​။Saintကို Joဆိုတဲ့လူနဲ့
တွဲမတွေ့ချင်​တာ။ရှင်းရှင်းပြောရရင်​ ဟိုးက
တည်းက တတွဲတွဲရှိနေတဲ့ ဒီသူငယ်​ချင်းကို
မတွန့်​တိုပါဘူးဆို သူညာတာ။အထူးသဖြင့်
Joဆိုတာ ကျောင်းကမိန်းကလေးတော်​တော်
များများရဲ့အိပ်​မက်​မင်းသား။ဒီလိုလူက Saint
အပေါ်အလေးအနက်​မထားပဲ ကစားသွားမှာကို
သူစိုးရိမ်​တယ်​။ငယ်​ငယ်​ကတည်းကပေါင်းလာတဲ့
ဒီသူငယ်​ချင်းဟာ သိပ်​ခံစားလွယ်​မှန်းသူသိတာ
ပေါ့။Joကြောင့်​ Saintခံစားသွားရမှာကိုသူ မလို
ချင်​။သူအရင်​က Gayတွေကို မနှစ်​သက်​တာ
တကယ်​ ဒါပေမဲ့ အဲ့လူကSaintဖြစ်​နေတဲ့အခါ
သူလက်​ခံနိုင်​အောင်​ ကြိုးစားခဲ့သည်​။Saint
ထင်​သလို ရွံမုန်းနေတာတွေမရှိခဲ့။အမှန်​တိုင်းဆို
Saintဖြစ်​နေကတည်းကသူ့အနေနဲ့ဘယ်​လိုမှ
မမုန်းနိုင်​ လစ်​လျူမရှုနိုင်​။ဒါသူ့ဘက်​က
အဖြူစင်​ဆုံး သူငယ်​ချင်းတစ်​ယောက်​အပေါ်
ထားတဲ့စေတနာ~~~~~~

ချိုမြိန်​သော.........အရှုံးWhere stories live. Discover now