Zawgyi
"Saint နေ့လည်စာ အတူစားရအောင်"
"အင်း ရတယ်လေ"
"မြန်မြန်ထစမ်းပါ ငါဗိုက်ဆာနေပြီ"
ပြောလည်းပြော အတင်းထဖို့ဆွဲထူနေတဲ့
Jasကြောင့် Saint ပြုံးမိသည်။"ကိုယ် ရှင်းပြပြီးပြီလေကွာ ဘာလို့
မယုံပေးရတာလဲ"အခန်းထဲကအထွက် Naစိတ်ကောက်နေ
တာကို ချော့မော့နေဟန်တူတဲ့Perthကို
ကြည့်ပြီး Jasက မဲ့ရွဲ့ပြသည်။"P"'Joက ဒီနေ့လည်လာပြီး ငါတို့ကို
နေ့လည်စာဝယ်ကျွေးမယ်လို့ပြောထားတယ်
အဓိကတော့ နင်ပဲ ငါထွက်လာတာကို
message လှမ်းပို့ထားပြီးပြီ အခုလောက်ဆို
နင့်အကြိုက်တွေချည်း မှာထားပြီးရောပေါ့"Perthတို့နားရောက်မှ တမင်အသံမြှင့်ပြောတဲ့
Jasကို Saintအသာခေါင်းယမ်းပြတော့
ဘာဖြစ်လဲဆိုပြီး ပြန်နှာခေါင်းရှုံ့ပြတဲ့Jas
Saint ခပ်ယဲ့ယဲ့ပြုံးမိသွားသည်။
ထိုချိန်လှည့်ကြည့်လာတဲ့Perthနဲ့မျက်လုံးချင်း
ဆုံတာမို့ Saintကပဲ အရင်မျက်နှာလွှဲလိုက်သည်။စိတ်ကောက်နေတဲ့ချစ်သူကို ကောင်း
ကောင်း ချော့ပါစေလေ။"လာ ဒီမှာထိုင် P'မင်းတို့ကြိုက်တဲ့အစား
အစာတွေ မှာထားပေးပြီးပြီ""အမယ် P'Joနော် Saintကြိုက်တာတွေမှာ
ထားတယ်တော့လုပ်လိုက်"ပြုံးစစနဲ့Jas အပြောကြောင့်P'Joက ရှက်ရယ်
ရယ်သည်။"မဟုတ်တာ တကယ်နှစ်ယောက်လုံး
အတွက်ပါ""ငါးသံပုရာပေါင်း ပါရဲ့လားP"
"ပါတာပေါ့ Saintက ဒီလောက်ကြိုက်တာ"
"သြော်"
လုပ်သံကြီးနဲ့ Jasက သြော်ဆိုတော့မှ
P'Joက သူစကားမှားသွားမှန်းသတိထားမိပြီး
လည်ပင်းကိုအသာပွတ်သည်။"အမယ် ရှက်မနေပါနဲ့ P'Jo ဘယ်သူ့အတွက်ရည်ရွယ်လဲ ဒီကသိပါတယ်နော်"
"စကားမများပဲ စားပါတော့Jas ရာ "
"စားမှာပါနော် မပူနဲ့"

ВИ ЧИТАЄТЕ
ချိုမြိန်သော.........အရှုံး
Фентезіမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...