Zawgyi
"ကိုယ်တို့ ဒီမှာ ထိုင်လို့ရမလား"
မိုးမမြင်လေမမြင်ကြည်နူးနေတဲ့စုံတွဲရှေ့မှာ
ရပ်လိုက်ရင်း Jo ကတမင်ပဲ ခွင့်တောင်း
လိုက်သည်။အမှန်က လူတွေထသွားပြီဖြစ်
တဲ့ ခုံအလွတ်တွေမို့ ဒီတိုင်းဝင်ထိုင်လည်း
အကြောင်းမရှိ။ပြောပြီးတာနဲ့ အံ့သြသလို
မော့ကြည့်လာတဲ့ မျက်ဝန်းတွေကို လစ်လျူ
ရှုပြီး Saint လက်ကိုဆွဲကာ ခုံမှာဝင်ထိုင်
လိုက်သည်။"Saint ဘာလို့ ချွေးတွေအဲ့လောက်ပြန်
နေတာလဲ"ပြောလည်းပြော P'Joက အံ့သြချင်
သလို ဖြစ်နေတဲ့ Saint နဖူးက ချွေးစတွေကို
တီရှူးနဲ့ ခပ်ဖွဖွ သုတ်ပေး၏။ခုနကတင်ပြုံးရွှင်
နေတဲ့ Perth မျက်နှာ ချက်ချင်းတည်တင်း
သွားတာကိုတောင် သတိထားမိပုံမပေါ်။
Saint သိတာပေါ့ Perth က သူ့ကောင်မလေး
နဲ့ အတူရှိနေချိန်ဆို ဒီလိုနှောက့်ယှက်ရင် တအား စိတ်ဆိုးတတ်မှန်း............"P'Joကျွန်တော်ကို လိုက်ပို့မယ်ဆို
အခု ဘာလုပ်မလို့လဲ ကျွန်တော်ကနောက်ကျ
လို့ မဖြစ်ဘူး "Perth ကို သတိမထားမိသလိုပုံနဲ့P'Jo
ကိုပဲ ကြည့်ပြီး မျက်နှာတည်တည်နဲ့ Saint
ပြောလိုက်သည်။"လိုက်ပို့မှာပေါ့Saint ရယ့် နောက်မကျစေ
ရဘူး ကိုယ့်ကိုယုံ စိတ်ချ ""p'Joဘာလုပ်စရာရှိလို့လဲ မဟုတ်ရင်
ကျွန်တော့်ဘာသာပဲ ပြန်လိုက်တော့မယ်"မျက်နှာတည်တည်နဲထပြန်ဖို့ပြင်တဲ့Saint လက်ကိုJo က ဖွဖွ ဆွဲပြီး ခုံမှာပြန်ထိုင်စေ၏။
"ကိုယ်ပြောပြီးပြီလေ Saintရာ ကိုယ့်ကို
Perth နဲ့မိတ်ဆက်ပေးဖို့ကို ""ဘာလို့ ကျွန်တော်နဲ့ မိတ်ဆက်ချင်တာလဲ"
ဒီတခါ ဝင်မေးလိုက်သူက Perth
Naကတော့ ပွဲကြည့်ပရိတ်သတ်သာ
လုပ်နေတော့သည်။Joက မနှစ်သက်ဟန်
အပြည့်နဲ့ မေးခွန်းထုတ်နေတဲ့Perth ကို
လှည့်ကြည့်လိုက်တော့ Perth မျက်လုံးတွေက
သူ့မျက်နှာဆီမှာမဟုတ်ပဲ Saint လက်ကို ကိုင်
ထားတဲ့ သူ့လက်ဆီမှာ Jo အသာပြုံးလိုက်ပြီး

YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...