"ဟေးးးးးနေပါဦးအလှလေးရဲ့""ငါတို့ကောင်ကြီးက အခုမှအသည်းအသန်ကို
ဖြစ်နေတာဟေ့""အဲ့နေ့က နှာသီးဖျားလေးတွေရဲ
နှုတ်ခမ်းလေးတွေတုန်ပြီး ငါ့မိဘတွေကို
လာတောင်းပန်နေတဲ့မင်းပုံစံကတကယ့်
ကြောင်ပေါက်လေးအတိုင်းပဲ ဘယ်လိုလဲ
ငါနဲ့တွဲမလား မင်းကိုငါအဲ့တုန်းတည်းက
စပြီး စိတ်ဝင်စားတာ"အူမြူးနေဟန်နဲ့ ဘေးနားဆီက မထိတထိ
စနောက်သံတွေကို ဥပေက္ခာပြုရင်း Saint
ဆက်လျှောက်လာလိုက်သည်။နံဘေးမှာတော့
ပြောင်ချော်ချော်မျက်နှာနဲ့ ကပ်ပါလာတဲ့
Alic သူအပေါင်းအပါတွေကတော့ နောက်
ဘက် ခပ်ခွာခွာကနေလိုက်လာကြသည့်ပုံPerthကိစ္စအတွက်ကျေအေးပေးဖို့ သွား
တောင်းပန်ပြီးနောက်ပိုင်းတည်းက ဒီလိုတွေ
နောက်ပြောင်နှောင့်ယှက်နေခဲ့တာ။ကိုယ်က
မိန်းကလေးမဟုတ်လို့ ဘာတွေညာတွေ
မရှိပေမဲ့ စိတ်ရှုပ်ရတာတော့အမှန်။အရင်လိုP'Joတို့အိမ်မှာမနေတော့ပဲ အိမ်မှာ
သာပြန်ပြောင်းနေဖြစ်တာမို့ P'Joကိုအလုပ်
တစ်ခုမပိုစေချင်တာကြောင့် Busနဲ့ပဲပြန်ဖြစ်
သည်။သူအကြိုအပို့လုပ်ပေးပါ့မယ်လို့P'Jo
ပြောပေမဲ့ အရင်ကလုပ်ပေးခဲ့တာတွေနဲ့တင်
အားနာနေရပြီမို့ ငြင်းဆန်မိသည်။မားကိုလည်း
အလုပ်မပိုစေချင်တာမို့ သူအဆင်ပြေကြောင်း
အထပ်ထပ်ပြောရသည်။ခုတော့ ထိုအရာတွေ
က ဒီသကောင့်သားတွေအတွက်အခွင့်အရေး
ဖြစ်လို့။ကားဂိတ်မှာထိုင်တော့လည်း အနားမှာ
ဝင်ထိုင်ပြီး မျက်တောင်မခတ်တမ်းထိုင်ကြည့်
နေတာ စိတ်ပျက်စရာ ကားမြန်မြန်လာဖို့ထိုင်
ဆုတောင်းနေတုန်း ကားကိုခပ်ဝေးဝေးက
လှမ်းမြင်တာနဲ့ ထရပ်တော့Alicက လက်ကို
လှမ်းဆွဲလိုက်သည်။ယောက်ျားချင်းဖြစ်တာ
ကြောင့် မိန်းမပျိုလေးလိုထွန့်ထွန့်လူးရုန်းနေဖို့မသင့်တာမို့ ဘာလဲဆိုတဲ့သဘောစိုက်ကြည့်
ပေးလိုက်သည်။Alicက လက်ကိုမလွှတ်သေးပဲ
ပုခုံးကိုအသာတွန့်လိုက်ပြီး ခပ်လှမ်းလှမ်းမှာ
ရပ်ထားတဲ့ အဝါရောင်ပြိုင်ကားကို မျက်စ
ပစ်ပြသည်။
YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...