Part 12

1.6K 215 46
                                    

Zawgyi

"ငါ့မှာ~~~~~ငါ့မှာ မားပဲရှိတာ"

အသံမတုန်​အောင်​ထိန်းပြောနေတဲ့ ရင်​ခွင်​ထဲက
Saint ကျောပြင်​လေးကို သူခပ်​ပွပွ ပုတ်​ပေး
ပြီး အသာခေါင်းညိတ်​လိုက်​သည်​။

"အင်း ငါသိတယ်​"

"ငါ့ကို အရင်​ကမား ဘယ်​လောက်​ပဲ ဂရုမစိုက်
ပါစေ လစ်​လျူရှုနေပါစေ ငါအဆင်​ပြေအောင်
နေနိုင်​တယ်​ မှီခိုစရာယောကျာ်းသားမရှိတဲ့
ဘဝမှာ မားဘယ်​လောက်​ခက်​ခက်​ခဲခဲရပ်​တည်
နေရမှန်း ငါသိနေလို့ အဲဒါကြောင့်​ပဲ ငါက မား
အတွက်​ အားကိုးရတဲ့သားတစ်​ယောက်​ဖြစ်
နေအောင်​ အမြဲတမ်းသန်​မာနေအောင်​ ကြိုး
စားနေတာ မားခက်​ခဲနေမှန်းငါသိနေပေမဲ့လို့~~~~မားကိုလေ......မားကို  တခြားသူစိမ်း
ယောက်ျားတစ်ယောက်နဲ့ကြည်​ဖြူပေးဖို့ထိကျ
ငါ~~~~~ငါမလုပ်​နိုင်​ဘူး ငါ~~~~~ငါအရမ်း
အတ္တကြီးလွန်းနေပြီမလား  Ai'Perth"

သူဘာမှ ပြန်​မပြောမိ။ရှိုက်​ကြီးတငင်​ငိုနေတာ
မျိုး မဟုတ်​ပဲ တချက်​တချက်​ တုန်​တက်​သွား
တဲ့ Saint ကိုယ်​လေးကိုသာ အသာထိန်းပြီး
Saintပြောသမျှ နားထောင်​နေမိသည်​။သူ့ရင်
ထဲမှာလည်း ဘယ်​လိုမှ မကောင်းနိုင်​တာ
ကိုယ်​တိုင်​သာအသိဆုံး~~~~စိတ်​ထဲရှိသမျှ
ရင်​ဖွင့်​ပါSaint ငါမင်းနဲ့ထပ်​တူခံစားပေးနေ
တာမို့.......................

"ငါ ကြောက်​နေတာ အရင်​သားအမိ နှစ်
ယောက်​တည်းရှိတုန်းကတောင်​ ငါ့အပေါ်
မနွေးထွေးပေးခဲ့တဲ့ မားက သူချစ်​ရတဲ့
ခင်​ပွန်းရှိလာတဲ့ အခါ ငါ့ကို လုံးဝ ဉပေက္ခာပြု
လိုက်​ရင်​ရော ပြီး~~~~~ပြီးတော့ ငါ့အနားမှာ
ဘယ်​သူမှမရှိနိုင်​တော့မှာကိုရော မားကတောင်
ုငါ့အနားမှာ မရှိရင်​ တခြားဘယ်​သူမှလည်း
ငါ့အနားမှာ ရှိတော့မှာ မဟုတ်​ဘူး အခုချိန်
ုငါ့ဘက်​မှာ ဘယ်​သူ့မှမရှိသလို ငါခံစားနေရ
တယ်​ Ai'Perth ငါ~~~~~~~ငါတစ်​ယောက်
တည်း အထီးကျန်​မှုတွေနဲ့ ဖြတ်​သန်းရမှာကို
တကယ်​တွေးကြောက်​နေခဲ့တာ"

"အဲ့လိုမထင်​ပါနဲ့ အန်​တီကမင်းကိုချစ်​ပါတယ်​"

"Perth~~~~~ငါ"

ချိုမြိန်​သော.........အရှုံးWhere stories live. Discover now