Zawgyi
ဒီနေ့အတန်းလာတက်ရတာ Perthစိတ်ထဲ
လေးနေသည်။မနေ့ကတစ်နေ့လုံးလည်း
Saintကပြန်မလာ။Phလည်းစက်ပိတ်
ထားသည်။ဒီနေ့ကျတော့လည်း အတန်းထဲမှာ
မမြင်။ဒီကြားထဲ ဒီနေ့ကျမှ လူတွေက
သူ့ကို ပိုကြည့်နေသလိုခံစားရ၏။ညစ်ညစ်
ရှိတာမို့ canteenမှာ တစ်ယောက်တည်း
ထိုင်နေတုန်း သူ့ရှေ့မှာလာရပ်တဲ့ Na"ကိုယ် Naနဲ့ ခနလိုက်ခဲ့"
ပြောပြီးတာနဲ့ သူပြန်ဖြေတာတောင်
မစောင့်ပဲ ရှေ့ကထွက်သွားတာမို့ အအေးဖိုး
ပိုက်ဆံ ခုံပေါ်တင်ခဲ့ပြီး သူထလိုက်ခဲ့
လိုက်သည်။လူအတန်သင့်ရှင်းတဲ့ နေရာ
ရောက်မှ Naကရပ်လိုက်ပြီး သူ့လက်ထဲ
အစကတည်းက ကိုင်ထားတဲ့phကို
လှမ်းပေးလာသည်။"ဒါကဘာလဲကို တကယ်ပဲ ယောက်ျားချင်း
ကြိုက်နေတာလား"Perthရှေ့ကို ထိုးပေးလာတဲ့Naရဲ့ph screenမှာ သူကိုယ်တိုင်အားလုံးရှေ့ဝန်ခံခဲ့တာကို အလုံးစုံရိုက်ထားတဲ့video file
Perthမျက်လုံးတွေပြူးကျယ်သွားရသည်။
ဒါကြောင့် ကျောင်းထဲဝင်လိုက်တာနဲ့ အားလုံး
က သူ့ကိုအထူးအဆန်းလိုဝိုင်းကြည့်နေကြတာ"Naမေးတာကိုဖြေလေ ဘာလို့မဖြေတာလဲ
အဲ့လောက်တုန်လှုပ်နေရင် ကိုကတကယ်ပဲ
gay လား""မဟုတ်ဘူး ကိုယ်gay မဟုတ်ဘူး"
"ဒါဆိုဖြေလေ သူငယ်ချင်းကိုစနောက်နေတာ
ပါလို့ မပြောနဲ့ကို ဒါကရယ်စရာမဟုတ်ဘူး"Perthခေါင်းငုံ့ထားရင်းဖြေစရာတွေ ပျောက်
ရှနေခဲ့သည်။အာလုံးရဲ့အကြည့်တွေအာရုံတွေ
ကသူတစ်ယောက်တည်းအပေါ်စုပုံနေသလို
ခံစားရတာတွေ တစ်ခါမှမဖြစ်ဖူးတဲ့သိမ်ငယ်
စိတ်နဲ့ ငါမှားနေပြီလားဆိုတဲ့အတွေးပထမဆုံး
ဝင်၏။Naမျက်နှာကိုမော့ကြည့်တော့ သူ့ဆီက
အဖြေစကားကိုပဲ ယုံကြည်လိုက်ဖို့ပြင်ဆင်
ထားတဲ့ပုံစံအပြည့်။သူNaမျက်လုံးတွေကို
ရင်မဆိုင်ရဲတာမို့ အကြည့်လွှဲမိသည်။"ကိုယ်တောင်းပန်ပါတယ်~~~~တောင်းပန်
ပါတယ်Na"အပြစ်သားတစ်ဦးလိုတောင်းပန်နေတဲ့ သူ့
အခြေအနေကိုကြည့်ပြီး Naပုံစံက
မျှော်လင့်ချက်ကင်းမဲ့သွားဟန်
![](https://img.wattpad.com/cover/185236020-288-k916342.jpg)
ESTÁS LEYENDO
ချိုမြိန်သော.........အရှုံး
Fantasíaမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...