Zawgyi
ကံဆိုးချင်တော့p'Joဝင်ထိုင်လိုက်တာPerth
ရှေ့တည့်တည့်က ဝိုင်း။P'Joက ကျောပေးထား
ပေမဲ့သူနဲ့Perthက မျက်နှာချင်းဆိုင်သွားကျ
သည်။Naကလည်းသူတို့ကို ကျောပေးထားတာ
မို့ မြင်ပုံမပေါ်။"ဘာစားချင်လဲ"
"ရတယ် P'အဆင်ပြေတာသာမှာလိုက်ပါ"
သူစိတ်မသက်သာစွာနဲ့P'Joကိုပြောပြီး
ရှေ့ကိုကြည့်လိုက်တော့ စူးစမ်းသလိုကြည့်တဲ့
Perthနဲ့အကြည့်ချင်းဆုံတာမို့ ခေါင်းကိုကပျာ
ကယာ ငုံ့ချလိုက်ပြီး Phကိုပဲသည်းကြီးမည်းကြီး
ကြည့်နေလိုက်တယ်။ ထိုချိန်phထဲ ဝင်လာတဲ့
Message တစ်စောင်။ကျိန်းသေ Perth ဆီက
ပဲပေါ့(ဘာလာလုပ်တာလဲ)
{ညစာလာစားတာ}
(လူရှားနေလား)
{ဘာကိုလဲ}
(မင်းမှာ အတူတူလာဖို့အဖော်အဲ့လောက်
တောင် ရှားနေတာလား){P'Joက ငါ့ကို တကူးတကလာခေါ်တာ
မငြင်းချင်လို့}စာပြန်ပို့ပြီး Perth မျက်နှာကိုမော့ကြည့်တော့
တွန့်ချိုးထားတဲ့ မျက်ခုံးတွေ(မင်းကိုသူ့အိပ်ခန်းထဲလာဖို့ တကူးတက
ဖိတ်ရင်ရော သွားမှာပဲမလား)ပို့လာတဲ့စာကို ဖတ်ပြီးနောက်မှာ Saint
မျက်ဝန်းတွေမှိုင်းဖျော့သွားတယ်။ဘယ်လိုပြုမူ
မိခဲ့လို့များ Perth သူ့ကိုဒီလောက် အထင်သေး
နေမှန်း နားမလည်တော့။သူ့သိက္ခာတွေကို
ဒီလို ရစရာမရှိအောင် နှိမ်ချတဲ့စကားလုံးမျိုးတွေ
ကိုလည်း Perthကပြောထွက်နိုင်နေပြီတဲ့လား။
တခြားလူမဟုတ်ဘူး Perthကလေ~~~~~~
တုန့်ပြန်ချင်စိတ်မရှိတော့တာမို့Phကို စားပွဲ
ပေါ်အသာတင်လိုက်ပြီးမော့ကြည့်လိုက်တော့
သူ့မျက်နှာရိပ်မျက်နှာကဲကို သေချာကြည့်နေတဲ့
P'Jo"Saint နေမကောင်းဘူးလား အပြန်ကျ ကိုယ်
ဆေးခန်းဝင်ပို့ပေးမယ်လေ""မဟုတ်ပါဘူး P'တစ်နေကုန်ပစ္စည်းတွေနေရာချ
ရ ဘာရနဲ့ နည်းနည်းပင်ပန်းသွားလို့"

VOCÊ ESTÁ LENDO
ချိုမြိန်သော.........အရှုံး
Fantasiaမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...