Zawgyi
"ချစ်တယ်Saint ငါ မင်းကိုချစ်မိနေလို့"
တံခါးကိုဆွဲဖွင့်ရန်ပြင်နေတဲ့ Saint လက်တွေ
ရပ်တန့်သွားရသည်။အခု Perthပြောလိုက်
တာက~~~~~မဖြစ်နိုင်ဘူး နားကြားများလွဲ
သလား။အတွေးတွေနဲ့ ကြောင်အနေစဉ် နောက်နားက
ခါးကိုသိမ်းကြုံးဆွဲဖက်လာတဲ့Perthလက်တွေ
သူ့ပုခုံးပေါ်အပ်လာတဲ့Perth မျက်နှာဆီက
စိုစိစိအထိအတွေ့။ဒါဘာလဲ Perthက
မျက်ရည်ကျနေတာလား သူ့အတွက်နဲ့လေ"မင်းကိုအထင်သေးလို့မဟုတ်ဘူး ငါမင်းကို
သဝန်တိုလို့ ဘယ်အချိန်တည်းက စခဲ့မှန်း
မသိပေမဲ့ သေချာသိရတဲ့အချိန်မှာ ငါ့ကိုယ်ငါ
မထိန်းချုပ်နိုင်တော့ဘူး ချစ်တယ်Saint
ငါမဟုတ်တဲ့သူတွေနဲ့ အဲ့လိုမနေပါနဲ့ ငါသေ
လောက်အောင်ခံစားရတာ""မင်းမှာ Na ရှိတယ်လေ"
မဖွင့်လိုက်မိတဲ့တံခါးကိုသာအကြောင်သားငေး
ကြည့်ရင်း Saint ပြောတော့ ခါးပေါ်က Perth
လက်တွေက ပိုလို့တောင်တင်းကျပ်သွားသည်။"ငါသိတယ် ဒါကြောင့်ငါ့ကိုယ်ငါထိန်းခဲ့တာ
ဒါပေမဲ့မရဘူး ကြာရင်ငါရူးလိမ့်မယ်""မင်းနဲ့ငါ ဖြစ်မယ်ထင်လား Perth"
"မပြောနဲ့ ငါ့ကို မငြင်းလိုက်နဲ့Saint
မဖြစ်ဖြစ်အောင်ငါဖန်တီးမယ် မင်းက
ငါ့ကိုပဲ ပြန်ချစ်ပေး"အရူးလိုတောင်းဆိုနေတဲ့Perth လက်ကို
အရင်ဖယ်ချတော့ Perthက ပိုပြီးတင်းကျပ်
နေအောင်ထပ်ဖက်၏ နဲနဲမှအလွတ်မပေး။"ငါ့ကိုအရင်လွှတ် Perth မင်းနဲ့ငါ မျက်နှာချင်းဆိုင် ပြောမှရမယ်"
မလွှတ်ချင်လွှတ်ချင်နဲ့ Perth လွှတ်ပေးတော့မှ
သူPerth နဲ့မျက်နှာချင်းဆိုင်ကို ပြန်လှည့်လိုက်
ပြီး Perth မျက်လုံးတွေကို သေချာစိုက်ကြည့်
လိုက်ရင်း"မင်း Na နဲ့ လမ်းခွဲနိုင်လား"
Perth မျက်လုံးထဲမှာ ရှုပ်ထွေးခြင်းအရိပ်တချို့
ဖြတ်သန်းသွားပြီးမှ

YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...