Part 2

1.9K 232 35
                                    

Zawgyi

"Ai Saint နေဦး ဟေ့ကောင်​"

အနောက်​ဘက်​ဆီက ရင်းနှီးနေတဲ့ အလော
တကြီး ခေါ်သံကို ကြားပေမဲ့ Saint လှည့်
မကြည့်​။မတွေ့ချင်​ဘူး အခုချိန်​မှာ Perth
ကို လုံးဝမျက်​နှာချင်းမဆိုင်​ချင်​ဘူး

"နေဦးဆိုကွာ"

အတင်းပြေးလိုက်​လာပြီး ရှေ့မှာပိတ်​ရပ်
လိုက်​တဲ့ Perth ကို Saint မျက်​မှောင်​တွေ
ကြုံ့ကာ စိုက်​ကြည့်​လိုက်​သည်​။

"ဘာလဲ မြန်​မြန်​ပြော"

"နေပါဦး~~~ကွ ငါ မောနေလို့ဟာ"

"ကျစ်​~~~~"

Saint စိတ်​မရှည်​သလို တဖက်​သို့ မျက်​နှာ
လွှဲလိုက်ပြီးမှ အိတ်​ထဲက ရေဘူး
အသေးလေးကို ထုတ်​လိုက်​ပြီး Perth
ကို ကမ်းပေးလိုက်​ရင်း~~~~~

"မြန်​မြန်​သောက်​ မြန်မြန်​ပြော ကျောင်း
နောက်​ကျနေပြီ"

"အေး~~~~အဲ့ဒါပဲပြောမလို့ ဟိုရက်​တွေက
မင်းဘာလို့ကျောင်းမလာတာလဲပြီးတော့
အခုကျတော့ရော အိမ်​ကကားနဲ့မလာပဲ
ဘာလို့လမ်းလျှောက်​လာတာလဲ"

"ပြောချင်​တာ အဲ့ဒါလား"

"အေ့လေကွာ"

"ဟိုရက်​ကမလာတာ နေမကောင်းလို့
အခုလမ်းလျှောက်​လာတာ ငါ့ဟာငါ
လျှောက်​ချင်​လို့"

Perth ကနားလည်​သွားသလို မျက်​ခုံးထူထူ
တွေကို လက်​နဲ့တချက်​ကုတ်​ခြစ်​လိုက်​ပြီး

"သြော~~~~အဲ့လိုလားဟ"

"အေး...အဲ့လိုပဲ အခုမင်းသိပြီဆိုရင်
ဖယ်​တော့ ငါနောက်​ကျနေပြီ"

ပြောလည်းပြော Saint ကအရှေ့မှာပိတ်​ရပ်
နေတဲ့ Perthကို တွန်းဖယ်​လိုက်​ရင်း ကိုယ့်
လမ်းကိုယ်​ ဆက်​လျှောက်​ဖို့ပြင်​သည်​။

"နေပါဦးကွမင်းကလည်းတစ်ကျောင်းတည်း
တက်​နေတဲ့ဟာကို အတူတူသွားမှာပေါ့"

ပြောရင်းနဲ့ Perth ကSaint ဘေးကို အတင်း
ကပ်​လျှောက်​ရင်း Saint ပုခုံးကိုလှမ်းဖက်
သည်​။

"ပွတ်​သီးပွတ်​ကပ်​တွေ လာလုပ်​မနေနဲ့"

မနှစ်​သက်​တဲ့ ပုံစံနဲ့ Perthလက်​တွေကို
Saint ဖယ်​ချလိုက်​တော့ Perth မျက်​နှာ
ငယ်​လေးဖြစ်​သွားသည်​။

ချိုမြိန်​သော.........အရှုံးحيث تعيش القصص. اكتشف الآن