Zawgyi
"N'Saint ဟိုတစ်နေ့က P'ကားပေါ်မှာ
ကျန်ခဲ့လို့ N'ပစ္စည်းလား"အတန်းတက်ဖို့ 15မိနစ်လောက်လိုသေး
တာမို့ Saint စာကြည့်နေတုန်း P'Jo အသံ
နဲ့အတူ အလယ်တန်းအောင်တုန်းက por
Saint ကိုပေးခဲ့တဲ့ ပလက်တီနမ်ဆွဲကြိုးလေး
လော့ကတ်သီးက Saint နာမည်ရဲ့အစ
S စာလုံးပုံလေးထွင်းထားတာမို့ အရမ်းနှစ်
သက်ခဲ့မိတဲ့ပစ္စည်းလေး Por ရဲ့နောက်ဆုံး
လက်ဆောင်ဆိုလည်း မမှား။"ကျွန်တော် ပျောက်လို့ရှာနေခဲ့တာ"
"ကိုယ်ထင်တော့ထင်တယ် Sစာလုံးရဲ့
အရှည်ကောက်ကSaint ဖြစ်လောက်
မယ်လို့ ရော့လေ ပြန်ယူ""ကျေးဇူးတင်ပါတယ် P'Jo"
သူ ခေါင်းညိတ်ကာ မပွင့်တပွင့်ပြုံးရင်း
P'လက်ထဲက ဆွဲကြိုးလေးကို လှမ်းယူ
လိုက်သည်။"ကျေးဇူးတင်ရုံနဲ့ပြီးပြီလားSaint"
Saint ဘာဆက်ပြောရမှန်းမသိ တခုခုလိုက်
ကျွေးချင်ပေမဲ့ ကိုယ့်အိတ်ထဲမှာ ပိုက်ဆံရှိ
မနေပါ။မုန့်ဖိုးအဖြတ်ခံထားရသည်မဟုတ်
ပါလား~~~~"ကျွန်တော်...ဘယ်လိုကျေးဇူးဆပ်ရမလဲP"
P'Joက ခေါင်းတယမ်းယမ်းနဲ့Saint မျက်နှာ
ကို ကြည့်ကာ ပြုံးလိုက်ပြီး"ကိုယ် မင်းရဲ့ပါးဖောင်းဖောင်းလေးတွေကို
အသည်းယားလို့ တခါလောက်ကိုင်ခွင့်ပေး
လေ ကြည့်ဦး ဝါဂွမ်းလုံးလေးတွေအတိုင်းပဲ
အိစက်နေတာ""P'Jo"
Saint မျက်လုံးတွေပြူးပြီး သတိပေးသလို
P'နာမည်ကို ခေါ်လိုက်မှ ပါးနှစ်ဖက်ကို
ဆွဲညှစ်နေတာ ရပ်လိုက်ပြီး"ဆောရီး ချာတိတ် ကိုယ်တအားအသဲယား
လို့ ကြည့်ဦး ရဲနေပြီ နာသွားသေးလား""ရပါတယ် P' မနာပါဘူး"
"Ok ဒါဆို ကိုယ်သွားတော့မယ်"
"ဟုတ်ကဲ့ P'Jo"
"သြော် ဒါနဲ့ N'Saint"
Jo က လှည့်ထွက်မလို့ပြင်ပြီးမှ Saint ဘက်
ကို ပြန်လှည့်လာတာကြောင့်

ESTÁS LEYENDO
ချိုမြိန်သော.........အရှုံး
Fantasíaမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...