Part 44

809 129 17
                                    

"ကျစ်​ ငါ့လက်​ကိုလွှတ်​"

"ဘာဖြစ်​နေတာလဲ အထိမခံနိုင်​ဘူးလား
ငါရောက်​တာနောက်​ကျကြည့်​ ဟိုကမင်းကို
အသာတကြည်​လေး လွှတ်​ပေးလိုက်​မယ်
ထင်​နေလား တောက်​ ပြောလိုက်​ရင်
ငါကပဲသူ့ကိုယောက်ျားချင်းချင်းကိုမှ
အထင်​သေးသလိုဆက်​ဆံတာ ကျနေတာပဲ
ကိုယ့်​ပုံစံကိုက အားနည်းတာလိုလို ဖြူဖျော့
ဖျော့နဲ့မြင်​သမျှယောက်ျားတွေမျက်​လုံးထဲ
ကာကွယ်​ပေးချင်​စရာ သဘောကျချင်​စရာ
မက်​မောချင်​စရာဖြစ်​နေတာ ကိုယ့်​ကိုသိရဲ့လား
Saint Suppapongဟမ်​ အခုလာခေါ်ထုတ်
ပေးတဲ့သူကိုတောင်​ တွန်းထုတ်​နေရအောင်
ဘာလဲ အဲ့အခြေအနေကိုသိပ်​သဘောကျနေ
တာလား"

ဒေါသတကြီးနဲ့ပြောနေတဲ့ပုံကစေတနာ
မထားသင့်​တဲ့သူကိုစေတနာထားမိလို့
ခံပြင်းနေတဲ့ နစ်​နာသူကြီးပုံနဲ့ဘယ်​သူကရော
အဲ့လိုဖြစ်​ချင်​မှာလဲ။ဒီလောက်​အချိန်​ကြာကြီး
အတူကြီးပြင်းလာပြီး ချစ်​ပါတယ်​တဖွဖွပြော
နေတဲ့သူကဒီလောက်​လေးတောင်​ ကိုယ့်​အပေါ်နားမလည်​တာကို အံ့သြမဆုံး ဘာမှမပြောပဲ
ခပ်​စူးစူးပြန်​ကြည့်​လိုက်​တော့သူအစတည်းက
ဖိကိုင်​ထားတဲ့လက်​ကို ပိုဖိဆုပ်​လိုက်​တာမို့
လက်​ကပိုနာကျင် သွားရကာစိတ်​ကလည်း
ထောင်းခနဲပါးစပ်​ကဘာမှပြန်​ပြောမနေပဲလက်
ကိုအသေခါရုန်းတော့အံ့သြသလို မော့ကြည့်
လာတဲ့ပုံက သူဘာမှလုပ်​မထားတဲ့အတိုင်း

"Saint မင်း~~~~ကျစ်​  ကွာ"

အားမလိုအားမရဖြစ်​နေဟန်​နဲ့လက်​ကို
လွှတ်​ပေးပြီးမျက်​နှာလွှဲသွားသူကို
စိတ်​ပျက်​စွာပဲ စူးစိုက်​ကြည့်​မိတယ်
ဒီလိုပုံနဲ့ ချစ်​တယ်​ဆိုတာ ဘယ်​လိုယုံပေးရမလဲ
သူတောင်​ ကိုယ့်​ကိုမယုံကြည်​လို့ ဒီစကား
မျိုးတွေ လွယ်​လွယ်​ပြောထွက်​တာ

"မင်းပြောလို့ ဝပြီလား"

"ဘာ"

မေးလိုက်​မှ လွှဲနေတဲ့အကြည့်​ ကိုယ့်​ဆီပြန်
ရောက်​လာပုံက သူဘာမှနားမလည်​သလိုနဲ့

"ပြီးရင်​ ငါသွားမယ်​"

"ဟ့ နေဦး"

လှည့်​ထွက်​မလိုပြင်​လိုက်​တော့ လက်​ကိုခပ်​မြန်
မြန်​လာဆွဲပြီး တားပြန်​သည်​ နဂိုကမှထွက်​နေတဲ့
ဒေါသအခံကြောင့်​လူကဆတ်​ဆတ်​ထိမခံဖြစ်
နေကာ ချက်​ချင်းပဲသူ့လက်​ထဲကကိုယ့်​လက်​ကို
ပြန်​ဆောင့်​ပြီးရုန်းတော့ အခြေအနေက
ရုန်းရင်းဆန်​ခတ်

ချိုမြိန်​သော.........အရှုံးWhere stories live. Discover now