Part 47

889 104 5
                                    

"Saint ထတော့ မနက်​စာပြင်​ပြီးပြီ"

ခုထိ ငြိမ်​ငြိမ်​သက်​သက်​အိပ်​မောကျနေသေး
တဲ့SaintကိုPerthမြတ်​နိုးမဝစွာကြည့်​ရင်း
ထဖို့လည်း နှိုးရသည်​။မနှိုးလို့လည်းမရ
တော့ ကျောင်းပိတ်​ရက်​ဆိုပြီး Saint
တစ်​ယောက်​စိတ်​ချလက်​ချအိပ်​နေတာ
၁၀နာရီထိုးတော့မယ်​ အိပ်​ရေးဝဝအိပ်
စေချင်​ပေမဲ့ ဘာမှမစားပဲအိပ်​လို့တော့
မဖြစ်​တာမို့ ခနနှိုးပြီးကျွေးသင့်​တာတော့
ကျွေးရမှာပင်​။

"Saintရာ ထတော့ဆိုတာကို"

ပြောလည်းပြော တစ်​ချက်​မလှုပ်​တဲ့Saint
တစ်​ကိုယ်​လုံးကို ဆွဲထူရသည်​။ဒါတောင်
ကိုယ်​တော်​က မျက်​လုံးမဖွင့်​။တအင့်​အင့်
ညည်းပြီး သူဆွဲထူထားတဲ့အတိုင်းငုတ်​တုတ်
အိပ်​ပျော်​နေပုံကြောင့်​ Perthရင်​ထဲ ကလိ
ကလိဖြစ်သွားသည်​။စိတ်​မထိန်းနိုင်​တော့ပဲ
သူရှေ့က ခပ်​စူစူနှုတ်​ခမ်းဖူးလေးကိုဆွဲငုံ
လိုက်​ပေမဲ့ Saintကမျက်​လုံးတစ်​ဖက်​ပဲ
ဖွင့်​ပြီး အားမပါစွာတွန်းဖယ်​သည်​။အဟတ်
ဒါမျိုးကိုPerth Tanaponက လွှတ်​ပေးစရာ
လား။သူ့ကိုတွန်းဖယ်​နေတဲ့ Saintလက်
တွေကို မသိချင်​ယောင်​ဆောင်​ရင်း ပိုပြီး
နက်​နက်​ရှိုင်းရှိုင်းနမ်းပစ်​လိုက်​သည်​။ဟားးးးး
နူးအိနေတာပဲ။ကြာလာတော့Saintက
ခေါင်းကို တစ်​ဖက်​လှည့်​ရင်း သူ့ကိုလဲ
အားနဲ့တွန်းဖယ်​လာတာမို့ မလွှတ်​ချင်
လွှတ်​ချင်​လွှတ်​ပေးလိုက်​ရသည်​ ဒါတောင်
အကြည့်​က Saintနှုတ်​ခမ်းဖူးတွေဆီကို
သံယောဇဉ်​မပြတ်​နိုင်​စွာ

"ဘာလဲကွာ အေးဆေးအိပ်​မရဘူး"

အလုံးစုံမပွင့်​သေးတဲ့ မျက်​လုံးတွေနဲ့Saint
ကPerthကို မကြည်​သလိုကြည့်​ရင်းပြော
လာသည်

"မင်းကိုမနက်​စာစားဖို့ နှိုးနေတာလေ
စားပြီးမှ ပြန်​အိပ်​ချင်​လည်းအိပ်​ပေါ့"

"အဲ့ဒါနဲ့ပဲ ဘာဆိုင်​လို့ လာနမ်းနေတာလဲ"

Saintမေးလာတော့Perthမှာဖြေစရာမရှိ
ဘာမှမဆိုင်​ပေမဲ့ နမ်းချင်​စရာဖြစ်​နေတာကိုးလို့

"နမ်းချင်​လို့နမ်းတာကွာ ဘာဖြစ်​လို့လဲ
မင်းနဲ့ငါနှစ်​ယောက်​တည်းတောင်​ နေနေ
ကြပြီပဲ နမ်းတာလေးတောင်​မရဘူးလား"

ချိုမြိန်​သော.........အရှုံးحيث تعيش القصص. اكتشف الآن