Zawgyi
ကားလမ်းမပေါ်မှာ အရှိန်မှန်မှန်မောင်းနှင်နေ
တဲ့ ကားလေးတစ်စီး။သို့သော် ထိုကားထဲထိုင်
နေသူ နှစ်ယောက်အနက် ကားစတီယာရင်ကို
ကိုင်တွယ်မောင်းနှင်နေသူရဲ့ အသက်ရှူသံ
ကတော့ အရှိန်မမှန်ချင်။ဘေးနားမှာ ထိုင်နေသူ
ကတော့ အရောင်မဲ့တဲ့မျက်ဝန်းတစုံနဲ့ အပြင်
ဘက်ကို အဓိပ္ပါယ်မဲ့ ငေးရင်းလိုက်ပါလာ၏။ကားမှန်ကိုချထားတာမို့ မိုးသက်လေခပ်အေး
အေးက လူကိုတွန်းတိုက်ကြည်စယ်သွားသည်။
အနည်းငယ် အုံ့မှိုင်းချင်သယောင်ဖြစ်နေတဲ့
ရာသီဥတု အခြေအနေက သိပ်မကြာခင် မိုး
စက်တွေ ရွာသွန်းဖို့ အစပျိုးနေဟန်။ဘာစကား
မှ ဆိုစရာမရှိလို့ တိတ်ဆိတ်နေတဲ့ နှစ်ယောက်
ကြားမှာ Perth ရဲ့အသက်ရှုသံခပ်ပြင်းပြင်းက
လွဲလို့ ကျန်တဲ့သက်ဝင်လှုပ်ရှားမှုတစုံတရာမရှိ"Saint မင်း P'Jo ကို ချစ်လား"
ကားပြင်ဘက်ကိုမလှုပ်မယှက်ငေးနေမိတုန်း
အနောက်က ထွက်လာတဲ့ Perth အသံ။သူ
တစ်ချက်လှည့်ကြည့်လိုက်တော့ ကားကိုသာ
ဂရုတစိုက်မောင်းနေရတဲ့ Perth ကသူ့ကို
ကြည့်မနေ။သို့သော် သူဘာပြန်ပြောမလဲ
ဆိုတာတော့ အာရုံစိုက်နားစွင့်နေသည့်ပုံ။"အဲ့ဒါ ငါ့ကိစ္စ~~~~~မင်းသိဖို့မလိုဘူး"
"ဘာ"
အံ့သြသွားခြင်းမဟုတ်ဘဲ ဒေါသရှိန်ကြောင့်
ထွက်လာတဲ့ အသံဆိုတာ အသိသာကြီး။မင်း
ဒီရက်ပိုင်း အရင်ထက် ပိုစိတ်ဆတ်ပြီးအနိုင်ယူ
တတ်လာတယ် Perth.............."Saint မင်းဘာပြောလိုက်တာလဲ ဟမ်"
"မင်းကြားပြီးပြီပဲ နှစ်ခါပြောရတာ
ငါမကြိုက်ဘူး"ဒီတခါလည်း ပြန်ဖြေတဲ့ Saint အသံကအေး
စက်စက်။ဒီတခါတော့ Perth ကားကိုလမ်း
ဘေးတစ်နေရာမှာ ဆွဲချရပ်တန့်လိုက်သည်။"ကြားတယ် ဒီနားနဲ့အသေအချာကိုကြားတာ ဒါပေမဲ့ ငါနားမလည်ဘူးSaint မင်း တကယ်ပဲ
ငါတို့နှစ်ယောက်ကြားက သူငယ်ချင်းသံယောဇဉ်ကို ဖျောက်ဖျက်ချင်နေတာလား အထူး
သဖြင့် P'Jo မင်းကိုသူနဲ့ ပတ်သက်ပြီး ငါပြော
တိုင်း မင်းငါ့ကို ဒီလိုပဲ ဆက်ဆံတယ် ဘာလဲ
ဟိုးငယ်ငယ်လေးတည်းက မင်းနားမှာရှိနေခဲ့တဲ့
ငါ့ထက် အဲ့လူကို ပိုအလေးထားတယ်မလား
ပြောလေ အမှန်တိုင်းပြော"

ESTÁS LEYENDO
ချိုမြိန်သော.........အရှုံး
Fantasíaမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...