Part 42

990 141 26
                                    

"Perthတစ်​ယောက်​ ရန်​ဖြစ်​လို့အချုပ်​ထဲ
ရောက်​နေတယ်​တဲ့"

"ပေါက်​ကရဟယ်​ Perthက ဒီလောက်​အနေ
အေးတာ မဖြစ်​နိုင်​ပါဘူး"

"ဖြစ်​နိုင်​လားမနိုင်​လားတော့သေချာမသိဘူး
Perthက Saintနဲ့ပါတ်​သက်​လို့မိဘတွေက
အမွေဖြတ်​ထားတာတဲ့ သူကအခုစားသောက်
ဆိုင်​မှာ Waiterအချိန်​ပိုင်းလုပ်​ပြီး ကျောင်း
တက်​နေတာ Alicတို့အဖွဲ့လေ မူးပြီးသွားရစ်
တာ ပထမကသည်းခံသေးတယ်​တဲ့  နောက်
တော့Saintအကြောင်းပါလာလို့ဆိုလား
ဒေါသတအားထွက်​ပြီး အဖွဲ့ထဲကတစ်​ကောင်
ကို ဝိုင်​ပုလင်းနဲ့ ခေါင်းရိုက်​ခွဲလိုက်​တာ
ငါးချက်​ချုပ်​လိုက်​ရတယ်​တဲ့"

"Saint နေ့လည်​canteenလိုက်​ဦးမှာလား"

အနောက်​မှာရောက်​နေမှန်းသိအောင်​တမင်
အသံပေးပြီးJasဝင်​ထိုင်​လိုက်​သည်​။တွတ်​ထိုး
နေတဲ့ မိန်းကလေးနှစ်​ယောက်​က တစ်​ချက်
လှည့်​ကြည့်​ပြီး အသံတိတ်​သွားကြသည်​။
အမောင်​Saintတစ်​ယောက်​ကတော့Perth
အကြောင်းကြားတာနဲ့ ရပ်​နေတဲ့အတိုင်း
မလှုပ်​မယှက်​ ကျောက်​ရုပ်​ဖြစ်​သွားသည်
တကယ်​ပဲ စိတ်​မကုန်​နိုင်​ဘူး အဲ့ဒီPerthကို

"SaintSuppapong အဲ့မှာပဲတစ်​သက်​လုံး
ရပ်​နေတော့မှာလား"

သူမ ခပ်​ဆတ်​ဆတ်​အော်​ပေးလိုက်​တော့မှ
မျက်​လုံးအကြောင်​သားနဲ့ ဘေးကခုံမှာ
လာဝင်​ထိုင်​တော့သည်​။တကယ်​ တကယ်
Saintကိုကြည့်​ပြီးJasတစ်​ယောက်​ ချစ်​ရမှာကို
ကြောက်​လာမိတဲ့အထိ။










"Perth Tanapon ထွက်​ခဲ့"

စိတ်​ညစ်​ညစ်​နဲ့ အချုပ်​ကြမ်းပြင်​ပေါ်ငုတ်​တုတ်
ထိုင်​နေတုန်း အပြင်​ကရဲသားတစ်​ယောက်​ရဲ့
အသံနဲ့အတူ အချုပ်​ခန်းတံခါးပွင့်​သွားသည်​။
တစ်​ယောက်​ယောက်​လာအာမခံပေးတဲ့ပုံပင်
သူရိုက်​လိုက်​တဲ့ကောင်​တွေဘက်​ကတော့
ကျေအေးပြီး အမှုပိတ်​ပေးမဲ့ပုံမပေါ်

"အန်​တီPong"

မထင်​မှတ်​ထားတဲ့သူကိုတွေ့လိုက်​ရတာမို့
Perthအံ့သြသွားသည်​။

ချိုမြိန်​သော.........အရှုံးWhere stories live. Discover now