"ဒါမင်းနေရာမဟုတ်ဘူး""ဘယ်နေရာဖြစ်ဖြစ်ထိုင်လို့ ရနေတာပဲကို"
"ခနနေ Naလာရင်အထင်လွဲစရာဖြစ်မယ်
Perth Tanapon ပြီးတော့အတန်းထဲက
လူတွေငါတို့ကိုကြည့်နေတယ်""အဲ့တော့ ငါက ဂရုစိုက်စရာလား"
"Naက မင်းနဲ့စေ့စပ်တော့မယ့်သူနော်"
"ခုထိတော့ မစေ့စပ်ရသေးဘူးလေ ပြီးတော့
လက်ထပ်တာမှမဟုတ်တာ""မင်းဘယ်လိုပြောနေတာလဲ ဟိုဘက်က
မိန်းကလေးကွ မင်းတို့ကိစ္စကဖိတ်စာဝေပြီး
လူသိရှင်ကြားဖြစ်နေပြီ မင်းပေါ့ပျက်ပျက်
မလုပ်နဲ့Perth""ဖိတ်စာဝေတယ်ဟုတ်လား"
SaintစကားကိုPerthကနားမလည်သလို
ပြန်မေးလာတာမို့ Saint မျက်မှောင်ကြုတ်
လိုက်သည်။"ခုသွားတော့Perth ဟိုဘက်က
မိန်းကလေး နစ်နာစရာတွေများတယ်
ငါ့ကိုလာရှုပ်နေတာတွေရပ်တော့""မင်းပြောနေတာတွေ ငါနားမလည်ဘူး
ဘယ်ကဖိတ်စာလဲ ငါတို့ရက်တောင်
သေချာမရွေးရသေးတာ ပြီးတော့မင်းစိတ်ချ
ဒီပွဲက ဘယ်သူမှမသိလိုက်ခင် ရအောင်
ဖျက်ပစ်မှာမို့ Naမနစ်နာစေရပါဘူး""မင်းတို့ဖိတ်စာက ငါ့လက်ထဲရောက်ပြီး
နေပြီPerth ငါ့ကိုမလှည့်စားတော့နဲ့
ပွဲဖျက်ဖို့လည်းမလိုဘူး မင်းကိုလည်းမလိုဘူး
ခုထွက်သွား"အခိုင်အမာပြောနေတဲ့Saintက
လိမ်ညာနေဟန်မရှိ။"အဲ့ဖိတ်စာဘယ်ကရတာလဲSaint"
"ဟိုမှာJasလာပြီမင်းမသွားရင်ငါသွားမယ်"
ပြောပြီးထထွက်ဖို့ပြင်တဲ့Saintလက်ကို
Perthလှမ်းဆွဲတော့အသာကြိတ်ရုန်းသည်။
အသာလျှော့ပေးလိုက်တာနဲ့ ဒီဘက်ကို
လှမ်းလာနေတဲ့Jasကို ခေါ်ပြီးထွက်သွား
တော့၏။Perthချက်ချင်းထမလိုက်သွားသေး
Naအလာကိုစောင့်ပြီး သူမသိတဲ့တချို့ကိစ္စ
တွေ ပွင့်ပွင့်လင်းလင်းမေးရမည်။ခုချိန်မှ
သူမရှင်းရင် ပိုရှုပ်လာနိုင်ချေရှိသည်မို့
ဒီနေ့တော့ အကုန်ရှင်းရမည်။

VOCÊ ESTÁ LENDO
ချိုမြိန်သော.........အရှုံး
Fantasiaမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...