Zawgyi
"တောင်းပန်ပါတယ်"
ခေါင်းငိုက်စိုက်ချပြီး တောင်းပန်စကားဆိုနေသူ
ကို Saint မကြည့်ပဲ ဘာသိဘာသာလစ်လျူရှု
ထားမိသည်။ဘယ်အချိန်တည်းက ပြန်ရောက်
နေမှန်းမသိပေမဲ့ မနက်မျက်လုံးနှစ်လုံးပွင့်တာ
နဲ့ ဒီစကားကိုပဲ အကြိမ်ကြိမ်ဆိုရင်း တစ်ကောက်ကောက်လိုက်နေတဲ့ Perth။တုန့်ပြန်လိုစိတ်မရှိ
တာမို့ သူလုပ်နိုင်တာ လစ်လျူရှုထားခြင်းသာ။
အခုလည်း canteenမှာ မနက်စာလာစားနေတဲ့
ရှေ့မှာ ခေါင်းကြီးငုံ့ထိုင်ရင်း တတွတ်တွတ်
ပြောနေဆဲ။"Saint ငါမှားမှန်းသိပါတယ် တစ်ခုခုတော့ပြန်
ပြောပါကွာ"စိတ်မပါပဲစားနေခြင်းကိုရပ်တန့်ပြီး Saintထရပ်
လိုက်တယ်။အခုချိန် သူ့မျက်နှာကတည်ငြိမ်နေ
ရင်တောင် ခံစားခဲ့ရသမျှ လူမသိသူမသိ ပြိုလဲဖို့
လုံလောက်နေပြီ။အခုချိန် Perthကို တစ်ခုခု
ပြန်ပြောလိုက်ဖို့တောင် သူအားမရှိတော့။
စိတ်ကသတ်လို့အကြိမ်ကြိမ်သေနေတဲ့ ဒီကိုယ်
ဟာ ဘာမှတုန့်ပြန်လိုစိတ်မရှိတော့။"ဘာမှမပြောတော့ဘူးလား Saint"
"ငါမင်းကို ပြောစရာမရှိဘူး"
"ငါမှားမှန်း သိပါတယ်"
"ဘာက မှားတာလဲ Perth"
"ငါ မင်းကို နမ်း ခဲ့ မိတယ်"
မဝံ့သလိုထွက်လာတဲ့Perthစကားအဆုံးမှာ
Saint နှုတ်ခမ်းထက်မှာ ခပ်ထေ့ထေ့ လှောင်ရိပ်
တွေ တွဲခိုသွား၏။"ငါ့လိုGay တစ်ယောက်ကို နမ်းခဲ့မိလို့ နောင်တ
ရနေတာလား""မဟုတ်ဘူး အဲ့လိုမဟုတ်ပါဘူး ညကကိစ္စက
ငါစိတ်လိုက်မာန်ပါလုပ်မိသွားတာ ငါမှားတာ
ပါ နောင်တရတယ်ဆိုပေမဲ့ ငါ~~~~~မရှင်းတတ်ဘူး သေချာတာက မင်းထင်သလိုမဟုတ်ဘူး""ငါက ဘယ်လိုထင်နေလို့လဲ"
"Saint တကယ်တော့ မင်း~~~~~မင်းက"
"ငါက ဘာဖြစ်လဲ ဘာလဲ ငါကGay လို့
ပြောဦးမလို့လား""မဟုတ်ဘူး တကယ်တော့ မင်းက ငါ့သူငယ်ချင်း
ပါ ငါမင်းပေါ်အဲ့လိုမလုပ်သင့်မှန်းငါသိတယ်
ဒါပေမဲ့~~~~~~ငါ"

YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...