Zawgyi
"Saint နေဦး ငါ့ကိုစကားပြန်ပြောပါဦး"
ဟိုတစ်နေ့က ကိစ္စပြီးကတည်းက Perth
Phခေါ်ရင် လုံးဝထပ်မကိုင်တော့တဲ့Saint
အနား Perthက တကပ်ကပ်။ဘယ်လိုပဲ
ဥပေက္ခာပြုထားပါစေ အမှတ်မရှိတွယ်ကပ်ပြီး
လိုက်နေတဲ့ Perthကြောင့် Saintစိတ်ရှုပ်
ရသည်။အရင်နေ့တွေကJasရှိလို့ ခပ်လှမ်း
လှမ်းက မသိမသာနေတတ်တဲ့Perthက
Jasလည်းအတန်းမတက်ရော အတင်းကပ်ပြီး
စကားလာပြောပါလေရော။တစ်ခန်းလုံးက
အကြည့်တွေကလည်း သူတို့နှစ်ယောက်ဆီမှာ
Saintတစ်ချိန်လုံး မသိချင်ယောင်ဆောင်
နေတဲ့ကြားက အခုအတန်းဆင်းတာနဲ့အ
နောက်ကအတင်းစကားလိုက်ပြောသည်။"Saint အဲ့လိုမနေပါနဲ့ကွာ ငါ့အမှားပါ
ငါတောင်းပန်ပါတယ် ငါတို့အရင်လိုပြန်နေ
လို့မရဘူးလား""ငါ့ကို အာရုံမနောက်နဲ့ Perth
ငါ အေးဆေးနေချင်တယ်""ငါကတော့ မင်းပြန်ခွင့်မလွှတ်မချင်း
မအေးဆေးနိုင်ဘူး""ငါ မင်းကိုဘယ်တုန်းကမှ အပြစ်မတင်ခဲ့
တာမို့ ခွင့်လွှတ်စရာမလိုဘူး အခုငါ့ကို
တစ်ယောက်တည်း နေခွင့်ပေးပါ""ဒါဆို မင်း ငါ့ကိုပစ်မထားနဲ့လေ"
"ဟုတ်ပြီ ငါတို့အရင်လိုသူငယ်ချင်းတွေပဲ
ဟုတ်ပြီလား ငါသွားတော့မယ် မင်း
ထပ်လိုက်မလာနဲ့တော့"ပြောပြီး ခပ်သွက်သွက်လျှောက်တဲ့Saint
ရှေ့ကို Perthက အမြန်ကာရပ်လိုက်သည်"ငါတို့ သူငယ်ချင်းထပ်မဖြစ်နိုင်တော့ဘူးSaint"
ဘာမှပြန်မပြောပဲ မျက်မှောင်ကြုတ်ကြည့်
နေတဲ့Saintမျက်နှာကို Perthသေချာ
စူးစိုက်ကြည့်ရင်း"ငါ့ချစ်သူထပ်ဖြစ်ပေးပါလား ငါမင်းအပေါ်
တကယ်ကောင်းပါ့မယ် ငါမင်းကိုဂရုစိုက်ပါ့
မယ် မင်းမျက်နှာကိုပဲအရိပ်လိုကြည့်နေမှာ
မင်းထပ်ပြီး ခံစားရမယ်ဆို ငါမင်းဘဝထဲ
နောက်ထပ်ပေါ်မလာတော့ဘူး ငါကတိပေး
ပါတယ် ဒီတစ်ခါပဲ ထပ်ယုံပေးပါ ငါမင်း
တစ်ယောက်တည်းကိုပဲ ကြည့်ပါ့မယ်
officialလည်းတွဲမယ်လေ ငါGayဖြစ်
ကြောင်း တစ်လောကလုံးကိုပြောပြမယ်
မင်းကိုပဲအချိန်ပေးမယ် မင်းကိုပဲချစ်တယ်
ငါရဲ့ကျန်ရှိနေတဲသက်တမ်းတစ်လျှောက်လုံး
မင်းနဲ့ပဲ ကုန်ဆုံးချင်တာ"
YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...