"ဟယ် သားပြန်လာပြီလား Saint လေးရော
အခြေအနေဘယ်လိုနေလဲ မားအခုပဲလာတော့
မလို့"အထုပ်တွေ တပွေ့တပိုက်နဲ့ထွက်လာတဲ့မား
က အိမ်ထဲဝင်လာတဲ့ Perthကိုတန်းမေး၏။
Saintစိတ်ချမ်းသာအောင်လူကြီးတွေကို အသိ
မပေးထားဘူးလို့ပြောထားပေမဲ့ မားတို့ကို
တော့ Phဆက်အကြောင်းကြားထားတာ
ကြောင့် သိနေခြင်းပင်။အန်တီ(Saint အမေ)
ကိုတော့ Phခေါ်ပေမဲ့ မကိုင်တာကြောင့် အသိ
မပေးရသေး။"ထိုင်ပါဦး မားရဲ့အဲ့ဒါဘာထုပ်တွေလဲ"
"သြော်သားSaintလေးက နေမကောင်းဘူးဆို
တော့ သူစားကောင်းလောက်မယ့်ဟာလေး
တွေ ဟိုစပ်စပ် ဒီစပ်စပ်ချက်ထားတာပါသားရယ်
အခုရော ဘယ်လိုလဲ ဟိုမှာနေမကောင်းတဲ့
ကလေးကို တစ်ယောက်တည်းထားပြီး ပြန်လာ
တာလား မားရောက်လာမှ ပြန်ပါလို့ အတန်တန်
မှာထားရဲ့နဲ့ကွယ်""ထိုင်ပါဦးမားရယ် သားပြောတာလည်းသေချာ
နားထောင်ပါဦး အဆူမစောပါနဲ့"Saintကိုစိတ်ပူပြီးသူ့ကိုပင်ဆူပူအပစ်ပြောနေတဲ့
မားကို ဧည့်ခန်းမှာတောင်းတောင်းပန်ပန်
ပြန်ဝင်ထိုင်ခိုင်းနေတာတောင် မားကအလို
ကျသေးပုံမပေါ်။သူသိတာပေါ့ မားက Saintကို
သားအရင်းဖြစ်တဲ့သူ့ကိုထက်တောင်ပိုချစ်တဲ့
အကြောင်း~~~~~~"Saintက မနက်ကတည်းကဆေးရုံကဆင်းလာ
တာ မားရဲ့""ဟော....ဘယ်လိုတွေဖြစ်တာလဲ ချက်ချင်းကြီး
ဆေးရုံကဆင်းလာတော့ တကယ်ရော
သက်သာရဲ့လားကွယ်""သားလည်းပြောပါတယ် ဒါပေမဲ့မားရဲ့
အချစ်တုံးSaintက အသည်းအသန်ကို ဆေးရုံ
က ဆင်းဖို့ ပြောနေတော့တာ doctorကလည်း
ကာယကံရှင် အဆင်ပြေရင်ဆင်းလို့ရတယ်ဆို
တာနဲ့ ဆင်းလာလိုက်တာ"မားကသက်ပြင်းအသာချလိုက်ပြီးမှPerthကို
ဝေ့ကြည့်ကာ"ဒါနဲ့ မနက်တည်းက ဆေးရုံကဆင်းလာတာဆို
အိမ်ကို ဒီအချိန်မှ ဘာလို့ပြန်ရောက်တာလဲ
Perth"မြှားဦးကသူ့ဘက်လှည့်လာပြီမို့ ခေါင်းခဲကာ
အမြန်စဉ်းစားရတော့၏။Naကိစ္စကိုတော့
လုံးဝပြောလို့မဖြစ်။အသက်မပြည့်သေးပဲ
ကားမောင်းနေတဲ့သူ့ကို မားက သတိခဏခဏ
ပေးနေသည်မို့ ရည်းစားရှိနေတာကိုပါသိရင်
တော့ မိုးမီးလောင်ပြီပဲ။သူ အကြံရခက်စွာမျက်ခုံး
ထူထူတွေကိုလက်ညှိုးနဲ့ကုတ်ခြစ်လိုက်ရင်း.........

YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...