Zawgyi
Perth စိတ်တိုတိုနဲ့ကားကိုမောင်းထွက်လာ
ခဲ့သည်။ကားနောက်ကြည့်မှန်ထဲမှာ ရပ်ကြည့်
ကျန်ခဲ့တဲ့ Saintပုံရိပ်ခပ်ပျပျ ကို မြင်နေရပေမဲ့
လစ်လျူရှုလိုက်၏။သူမှ ကိုယ့်ကို မလိုအပ်
တော့ပဲလေ~~~~ကားမောင်းနေရင်း တဖြည်း
ဖြည်း သည်းလာတဲ့ မိုးရေစက်တွေကြောင့်
အကာအရံမပါပဲ မိုးရေထဲ ရပ်ကျန်ခဲ့တဲ့
Saint ပုံရိပ်က မရည်ရွယ်ပါပဲ အတွေးထဲ
ရောက်လာတာမို့ ခေါင်းကိုခါရင်းအတွေးထဲ
က အတင်းထုတ်လိုက်သည်။သူ့အကြောင်း
ဆက်မတွေးတော့ဖို့ ကြိုးစားနေဆဲမှာပင်
တဖြတ်ဖြတ်လက်နေတဲ့ လျှပ်စီးတွေနဲ့အတူ
ရုတ်တရက် ထွက်ပေါ်လာတဲ့ မိုးချိန်းသံကျယ်
ကျယ်ကြောင့် ဘာမှမစဉ်းစားနိုင်တော့ပဲ ကား
ကိုလာရာလမ်းအတိုင်း အမြန်ဆုံး ပြန်မောင်း
လာလိုက်သည်။Saint မိုးချိန်းသံတွေကို ဘယ်
လောက်ကြောက်တတ်လဲဆိုတာ သူအသိဆုံး
မဟုတ်လား~~~~~မင်းအဆင်ပြေနေပါမလား
_
_
_
_
_
_
_
_
_
_"Saint "
အဝေးက လှမ်းမြင်လိုက်ကတည်းက ပြိုကျလု
ဆဲဆဲ ပုံရိပ်လေးကြောင့် Perth ကားပေါ်က
အမြန်ဆုံးဆင်းပြီး ပြေးသွားလိုက်တာ Saint
အနားကို ဘယ်လိုရောက်သွားမှန်းတောင်မသိ
ပြိုလဲကျနေတဲ့ Saint ခန္ဓာကိုယ်လေးကို ရင်ခွင်
ထဲ ဆွဲသွင်းရင်း သွေးမရှိတော့သလို ဖြူဆုတ်
နေတဲ့ မျက်နှာလေးကို လှုပ်ယမ်းကာ တစ်
ယောက်သောသူရဲ့ မျက်ဝန်းတွေပွင့်လာစေဖို့
အတင်း ကြိုးစားမိသည်။သို့သော် ဥပေက္ခာပြု
နိုင်လွန်းသူသည် သူ့ရဲ့ကြိုးစားမှုကို အသိမှတ်
မပြုသည့်အလား~~~~ပိုပြီးအရောင်ဖျော့
ဖြူဆုတ်လာတဲ့ နှုတ်ခမ်းလေးတွေကိုကြည့်ရင်း
ူသူသွေးပျက်စပြုလာသည်။ဟိုးအရင်တည်းက
နှလုံးအားနည်းတဲ့ရောဂါအခံကြောင့် ဝမ်းနည်း
လွယ်တဲ့Saint မိုးတွေသည်းနေတဲ့ ဒီလိုနေ့မှာ
အဖေဖြစ်သူ ကားမှောက်ဆုံးတယ်ဆိုတာ
သိခဲ့ရပြီးနောက်ပိုင်း မိုးရေတွေကို ပိုကြောက်
တတ်လာတဲ့ Saint မိုးတွေဒီလိုတအားချိန်း
တိုင်း ထိတ်လန့်ကြောက်ရွံ့နေတဲ့ ပုံစံနဲ့
သူ့ရင်ခွင်ထဲ ကလေးတစ်ယောက်လို ခိုဝင်ပြီး
ငိုယိုတတ်ခဲ့တဲ့Saint~~~~အခုတော့...............
အခုတော့သူ့ရဲ့ ဘာမှမဆင်ခြင်ပဲ စိတ်ဆောင်
ရာ လုပ်ခဲ့မိတဲ့ အမှားကြောင့် ဒီအားနည်းတဲ့
သူ့ရဲ့သူငယ်ချင်းလေးက်ု လစ်လျူရှုမိပြန်သည်
တောင်းပန်ပါတယ် တောင်းပန်ပါတယ် Saint
ကျေးဇူးပြုပြီး......
ကျေးဇူးပြုပြီး မင်းတခုခုမဖြစ်လိုက်ပါနဲ့

STAI LEGGENDO
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...