"ဒါ ဘယ်သွားမို့လဲ"
အထုပ်အပိုးတွေသိမ်းဆည်းနေတဲ့Saintက
Perthကို ခွန်းတုံ့မပြန်။ပတ်တီးဖြူဖြူစီးထား
တဲ့လက်တွေနဲ့ သူ့အကျီ်င်္အဝတ်အစားတွေ
စာအုပ်တွေကိုသာ သေချာထုပ်သိမ်းနေသည်။ထွက်သွားတော့မယ်မှန်းသိသာနေပုံက
Perthကိုဘာကြောင့်မှန်းမသိထိတ်လန့်
စေသည်။Saintပြန်မလာတဲ့ညတွေ ဘယ်
လောက်ဆိုးမှန်းPerthအသိဆုံး။ဒီနေ့Saint
ကို မတွေ့တွေ့အောင်ရှာပြီး တောင်းပန်ဖို့
စဉ်းစားခဲ့သမျှ မထင်မှတ်ထားတာတွေချည်း
ဖြစ်သွားဖို့မရည်ရွယ်ခဲ့ တဖြည်းဖြည်းတိုက်
သိမ်းနေတဲ့Saintလက်တွေက စာကြည့်
စားပွဲပေါ်က ဓာတ်ပုံလေးဆီမှာ ခေတ္တတန့်
သွားတယ်။ဒီပုံလေးက သူတို့အထက်တန်း
တုန်းကရိုက်ခဲ့တာ။ဓာတ်ပုံရိုက်ခဲလှတဲ့Saint
နဲ့ အတူတွဲရိုက်ရဖို့Perthတော်တော်ကြိုးစား
လိုက်ရတာ။ခက်ခက်ခဲခဲရလာပြီးနောက် တစ်
ယောက်တစ်ပုံ သိမ်းထားဖြစ်တယ်။အခုရှိနေ
တာက Saintဆီမှာရှိတဲ့ပုံ။Perthကတော့
အိမ်မှာပဲ ထားခဲ့ဖြစ်တယ်။Saintဒီအထိ
တကူးတက ယူလာတာမြင်တုန်းကတောင်
သူအံ့သြမိသေးတာ။ထုတ်တော့မမေးဖြစ်ခဲ့
အခုတော့Saintက ထိုပုံလေးကိုမရှိသလို
ကျော်ပြီး တခြားပစ္စည်းတွေသာလိုက်သိမ်း
နေခဲ့တယ်။အရေးကြီးတဲ့စာအုပ်တွေနဲ့ကျောင်း
ဝတ်စုံ ပစ္စည်းအသေးလေးတွေအနည်းငယ်
သိမ်းဆည်းပြီးတာနဲ့ ထိုလွယ်အိတ်ကိုလွယ်ပြီး
ထွက်ဖို့ပြင်နေတဲ့Saint။Perth တံခါးဝ
မှာပဲ မလှုပ်မယှက်ဆက်ပြီးရပ်နေလိုက်တယ်"ငါသွားတော့မှာမို့ပိတ်ရပ်မနေပဲဖယ်ပေးပါ"
"မင်းကိုဘယ်သူက သွားခွင့်ပြုလို့လဲ"
"မင်းလျှောက်မယ့်လမ်းကိုမင်းရွေးချယ်သမျှ
ငါဘာမှဝင်မစွက်ဖက်ခဲ့ဘူး ငါရွေးချယ်ထားတဲ့
လမ်းကိုလည်း မင်းပိတ်မရပ်နဲ့"သူတို့နှစ်ယောက်ကြားထဲက လေထုဟာ
အတော်ကြာငြိမ်သက်နေဆဲ။ထွက်မသွားစေ
ချင်ပေမဲ့ ဆွဲထားစရာစကားလုံးတွေPerth
မှာ ရှိမနေခဲ့

YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...