Zawgyi
"Saint"
နံဘေးမှာဝင်ထိုင်လိုက်ရင်း တိုးဖွဖွPerthရဲ့
ခေါ်သံကြောင့် Saintက ခေါင်းထောင်
ကြည့်၏။ဖုံးကွယ်တတ်လွန်းတဲ့ ဒီလူသားရဲ့
မျက်ဝန်းတွေဟာ အဓိပ္ပါယ်ဖော်ရခက်လိုက်တာ။သိပ်မကြာစေလိုက်ပဲ ပြန်လွှဲသွားတဲ့
Saintရဲ့အရောင်မဲ့မျက်ဝန်းတွေကြောင့် Perthတစ်ယောက်သက်ပြင်းသာ ဖွဖွချမိသည်"မင်း အကုန်သိနေတာလား"
ပြန်ဖြေသံမကြားရ။
"မင်း အရမ်းခံစားနေရလား"
တုပ်တုပ်မလှုပ်။
"မင်းဘာလို့ ဒီလောက်တောင်အေးစက်နိုင်ရ
တာလဲ မင်းစိတ်ထဲမှာ အဆင်မပြေဘူးဆိုတာ
ငါသိနေတယ် အဲ့ဒါကြောင့် ငါ့ရှေ့မှာဟန်ဆောင်ဖုံးကွယ်မနေနဲ့ ငါ့ကိုမင်းစိတ်ထဲရှိသမျှ
အကုန်ဖွင့်ပြောပြလို့ရတယ်လို့""မင်းသွားတော့"
သူ့ဘက်ကိုလှည့်မလာပဲ တဖက်သို့မျက်နှာလွှဲ
နေရင်းနဲ့ပဲ ပြောလိုက်တဲ့ တိုးဖွဖွအသံ။ကျောင်း
ပိတ်ရက်မို့ ဘယ်သူ့မှမရှိပဲ တိတ်ဆိတ်နေတဲ့ ဘတ်စကတ်ဘောကွင်းထဲမှာ သူတို့နှစ်ယောက်
သာရှိတာမို့ သူနားကြားလွဲနိုင်စရာမရှိ။"Saint~~~~ငါက"
"ငါ မင်းကိုမလိုဘူး"
ခုချိန်ထိသူ့ဘက်ကို မျက်နှာလှည့်မလာသေးတဲ့
Saintနောက်ကျောကို Perth မယုံနိုင်စွာ
ခေါင်းတခါခါနဲ့ကြည့်လိုက်ရင်း"မင်းတကယ်ပဲ ငါ့ကိုမလိုဘူးပေါ့"
ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းဟု တမျိုး
သဘောဆောင်တာမို့"ဟုတ်ပြီလေ မလိုဘူးဆိုတော့လည်း
ထွက်သွားပေးရုံပေါ့"ငါကမင်း ဝမ်းနည်းခံစားနေရသမျှကို ထပ်တူ
ခံစားပေးဖို့လာခဲ့တာ။မင်းကမလိုဘူးဆိုမှတော့
ငါက ဘာလုပ်ဖို့ ဒီမှာဆက်ရှိနေရဦးမှာလဲ.........
ထုတ်ဖော်ပြောလိုသမျှစကားလုံးတို့သည်
လည်ချောင်းထဲမှာသာပျောက်ဆုံးသွားခဲ့လျက်
မလိုသူအနားက စိတ်တိုင်းကျထွက်ခွာပေးခဲ့
လိုက်သည်။

YOU ARE READING
ချိုမြိန်သော.........အရှုံး
Fantasyမင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမဲ့လို့ပေါ့~~~~~~ မင်းသာအမြဲပြုံးနေ ငါ့အတွက်က........ အရှုံးဆိုလည်း ချိုတယ် မင်းမသိပေမ...