Part 41

910 135 23
                                    

"အဲ့တော့ဘာလုပ်​ရမှာလဲ လိုအပ်​တုန်းက
မရှိပေးခဲ့ပဲ အကုန်​နေသားကျနေမှ စွန့်​စား
ချင်​ပါတယ်​ဆိုတာ ယုတ္တိမရှိဘူး"

မျက်​ခုံးတွေအသာပင့်​ကြည့်​ရင်း မုန့်​စား
မပျက်​ပြောလာတဲ့ Jasပုံစံကပေါ့ပျက်​မနေ

"စားစရာရှိတာစားလေး သူနဲ့နင်​ကပြီးသွားပြီ
ဘာမှထိုင်​တွေးနေဖို့အကြောင်းမရှိတော့ဘူး
နင်​သိပ်​တွေးချင်​ရင်​ P'Jo အကြောင်းတွေး
Perth Tanaponက နင်​နဲ့မလိုက်ဘူး"

"မဟုတ်​တာJasရာ ငါသူ့အကြောင်းမတွေး
ပါဖူး"

"ငါ့ကိုလိမ်​မနေနဲ့Saint နင့်​မျက်​နှာကို
ကြည့်​ရုံနဲ့ နင်​ဘယ်​သူ့အကြောင်းတွေးနေလဲ
ငါသိတယ်​"

မျက်​လုံးတွေကိုတည့်​တည့်​စိုက်​ကြည့်​ပြီး
ပြောလာတဲ့Jasကြောင့်​ Saintခေါင်းအသာ
ငုံ့ရင်း အကြည့်​လွှဲမိတယ်

"နင်​လည်းလေ တကယ်​ပဲ စိတ်​မနာနို​င်​ဘူး"

"စိတ်​နာတာပေါ့Jasရာ ဒါပေမဲ့ ချစ်​တာက ပိုနေတယ်​ ငါ့ကိုယ်​ငါမုန်းလိုက်​တာ"

"မေ့မေ့ပျောက်​ပျောက်​ဖြစ်​သွားအောင်
P'Joနဲ့တွဲလိုက်​လေ မကောင်းဘူးလား"

"မဖြစ်​ပါဘူး ကိုယ့်​ဒါဏ်​ရာသက်​သာဖို့
သူများကိုဒါဏ်​ရာမပေးချင်ဘူး အထူးသဖြင့်
P'Joလိုငါ့အပေါ်အရမ်းကောင်းတဲ့သူကို"

"အဲ့ဒါကြောင့်​ပြောတာ P'Joနင့်​ကို
ဒီလောက်​ဂရုစိုက်​တာ ဒီတိုင်းတွဲလိုက်​ရင်း
ချစ်​သွားနိုင်​မလားပြောမရဘူးလေP'Joကို
သာပြန်​ချစ်​လိုက်​ရင်​ နင်​စိတ်​ချမ်းသာရမှာ"

Saintယဲ့ယဲ့သာ ပြုံးမိတော့သည်​ ဒီဘဝ
တော့ နှလုံးသားက ဒီတစ်​ယောက်​ကိုပဲ
လက်​ခံတော့တာမို့~~~~~~~~~






ကားပေါ်ကဆင်းပြီး ခြံရှေ့မှာရပ်​နေမိတာ
ခုထိမလှုပ်​မိ။အိမ်​ပြန်​မလာဖြစ်​တာကြာပြီ
Perthနဲ့ပါတ်​သက်​ပြီးပြသနာတက်​တုန်း
ကလည်း မားအဆက်​မပြတ်Phတွေခေါ်
နေတာသိလျက်​ စက်​ပိတ်​ထားမိတာ။အဆောင်
ထိလာရှာတယ်​လို့ သူငယ်​ချင်းတစ်​ယောက်
ပြောပြလာပေမဲ့ အိမ်​မပြန်​ချင်​တဲ့သူကP'Jo
တို့အိမ်​မှာပဲ နေဖြစ်​သည်​။ခုတော့မားနဲ့
မျက်​နှာချင်းဆိုင်​ရပေဦးမည်​။စိတ်​ထဲမှာလည်း ပြောစရာစကားတွေ နေရာချလျက်

ချိုမြိန်​သော.........အရှုံးWhere stories live. Discover now