JULY,2019

660 5 0
                                    

သြော်​ .......ဘာလိုလိုနဲ့
ဟိုနှစ်​က​မွေး​နေ့လက်​​ဆောင်​ 
ရေး​ပေးဖြစ်​ခဲ့တဲ့ ဒီစာအုပ်​က​လေး​တောင်
တစ်​နှစ်​ပြည့်​လာပါ​ရောလား။

တစ်​နှစ်​ဆိုတဲ့အချိန်​ကာလကလည်း
တကယ်​တမ်း​တွေးကြည့်​​တော့ မကြာလှသလိုပါပဲ။

ဘာဖြစ်​ဖြစ်​ ​မွေး​နေ့လက်​​ဆောင်​က​တော့ 
ပေးမှ တော်​ရာ ကြမှာပါ။

ဘာ​ကြောင့်​ဆို မနှင်းက ကျွန်​​တော်​ရဲ့
အမတစ်​​ယောက်​လိုဆိုလည်း ဟုတ်​တယ်​ဗျာ။

ကျွန်​​တော်​ရဲ့ ပြဿ နာ​ပေါ်င်း ​သောင်း​ခြောက်​​ထောင်​ကို ​ခေါ်င်းအ​ခြောက်​ခံပြီး သူနား​ထောင်​​ပေးနိုင်​တယ်​ဗျ။

ပြီး​တော့ ကျွန်​​တော်​လိုချင်​လို့ အတင်းပူဆာပြီး ဆွဲခိုင်းတဲ့ ပုံမျိုး​တွေကိုလည်း သူ့မှာ ဆွဲ​ပေးရပြန်​​သေးတယ်​။

မယုံရင်​ သူ့ကိုပုံဆွဲခိုင်းကြည့်​ ရလိမ့်​မယ်​ဗျ။

ဒီနှစ်​မှာ ထူးထူးခြားခြားသတိထားမိတာက
မနှင်းတစ်​​ယောက်​ ပုံ အလွန့်​အလွန်​ကို ဆွဲ​နေတာပါ။

ဒီwattpad က readers​တွေ​တော့ သတိထားမိရဲ့လားမသိပါဘူး။

မ​နေ့က​ နေ့လည်​က​တောင်​ ကျွန်​​တော်​က
သူ့ပုံ​တွေကို ​ဝေဖန်​ပိုင်းခြား​ရေး
လုပ်​​နေမိ​သေးတာ။

ကျွန်​​တော်​ကိုယ်​တိုင်​လည်း ပန်းချီအ​ကြောင်း ဃဃနနမသိဘဲနဲ့​လေ။

ကျွန်​​တော်​ကင​ကြောင်​ဗျ။

စာ​ပေနဲ့ပက်​သတ်​ပြီးသိတဲ့ သူငယ်​ချင်း​တွေဆို ကျွန်​​တော်​နဲ့ခဏပဲ
ပြောဆိုဆက်​ဆံတတ်​ကြတာ။

ပြီးရင်​ ​ဝေး​ဝေးက​ရှောင်​ကုန်​ကြ​ရော။

သြော်​ ..သတိရလို့ ....
ဘယ်​လို​ကြောင်​တဲ့အ​ကြောင်း​ပြောပြပါဦးမယ်​။

ဟိုဘက်​ဂျွန်​လ ၂၂ရက်​​နေ့က​ပေါ့။

အဲဒီဂျွန်​လတစ်​လလုံးက စိတ်​ညစ်​စရာ​တွေနဲ့ချည်း နပမ်းလုံး​နေရတာ။

ဖေ့ဘုတ်​​ကောက်​ဖွင့်​မိတယ်​။

သူတင်​တဲ့ပ်ု့တစ်​ခုမြင်​လိုက်​တယ်​။

ပို့စ်​ထိပ်​က ဒိတ်​မှာ ၂၂ပြတယ်​။

သတိရလိုက်​တာက ဟာ..ဒီ​နေ့မနှင်း
မွေး​နေ့ပဲ...ငါ့​တော့လှမ်းဆူခံရ​တော့မယ်​ဟ
ဆိုပြီး ခပ်​တည်​တည်​နဲ့ သူ့chatboxမှာ 
မွေး​နေ့သွားဆု​တောင်း​ပေးမိတယ်​။

ဒီ​တော့ ကျွန်​​တော်​အ​ကြောင်းသိ​နေတဲ့
မနှင်းကလည်း ကျွန်​​တော်​ကို ခပ်​တည်​တည်​နဲ့ ပြန်​​ပြောပါတယ်​။

မွေး​နေ့က ​နောက်​လမှာတဲ့။

အာ့​ကြောင့်​​ပြောပါတယ်​။

မနှင်းက ခင်​စရာအရမ်း​ကောင်းပါတယ်​။
စိတ်​မဆိုးတတ်​ဘူး။ ဘယ်​​လောက်​စစ​ပေါ့။

ဒီ​တော့ သူ့ကိုစကြပါ။ ခင်​ကြပါ။

သူကတစ်​​ယောက်​တည်းဆို အစား​တွေချည်း
နင်းကန်​စားတတ်​လို့ပါ။

ဘယ်​​လောက်​စားစား လူ​ကောင်​ကလည်း ကြီးထွားလာခြင်းမရှိပါ။

ပြီး​တော့ သူ့ကိုယ်​သူ ကိုရီးယားမင်း
သမီးနဲ့လည်း တူတယ်​ထင်​​နေ​သေးတာပါ
(စတာ​နော်​)။

ကဲ....၂၀၁၉၊ ဂျူလှိုင်​​ပေါ့​လေ။

ဒီနှစ်​​တော့ မနှင်း​ရေ..
မွေး​နေ့လက်​​ဆောင်​အဖြစ်​..
ဒီစာအုပ်​​လေးကိုပဲ Update ပြန်​လုပ်​ပြီး
မနှင်းအ​ကြောင်းကို ဖွ​တော့မယ်​ဗျာ.. ။

3:56AM
July 8,2019
Minsetwai

မှတ်​ချက်​။ ။ တစ်​​ရေးနိုး ဗိုက်​ဆာ၍
ထမင်းထစားရာမှ အကြံရသည်​။

SNOW HNINNWhere stories live. Discover now