Chapter 06

2.1K 295 14
                                    

မုန်တိုင်းရပ်စဲသွားပြီးနောက် ကြည်လင်သော မိုးကောင်းကင်ပြာပြာလေးပေါ်လာပြီ. သစ်ရွက်ပေါ်တွင် တင်ကျန်နေသော မိုးရေစက်လေးများက နေရောင်အောက်တွင် တောက်ပနေသည်. ဘေးနှစ်ဖက်တွင် သစ်ပင်များခြံရံထားသည့် လမ်းကြောင်းတစ်လျှောက် ဖြတ်သန်းရင်း Jian Yao သည် ချစ်စဖွယ်ကောင်းသော သဘာဝရှုခင်း နှင့် ငြိမ်းချမ်းရေးအငွေ့အသက်ကို ခံစားကာ သူ့ရင်ထဲ၌ ကျေနပ်ပျော်ရွှင်နေသည်.

သိပ်မကြာခင်အချိန်အတွင်း၌ သူက Bao Jin Yan ကို နှုတ်ဆတ်စကားပြောရတော့မည် ဖြစ်သည်. Frankenstein တောင်မှ နောက်ဆုံး နှုတ်ဆတ်ဖို့ရာ ထိုက်တန်ပါတယ်....

အလှစိုက်ချုံပုတ်လေးများ အလယ်တွင် တည်ရှိနေသော တိုက်ပုလေးမှာ ချစ်စဖွယ်ကောင်းလှသည်. Jian Yao ဝင်ပေါက်သို့ ဦးတည်လာခဲ့သည်. ရှေ့တံခါးကို အကျယ်ကြီးဖွင့်ထားသည်ကို တွေ့လိုက်ရသည်. ပုံမှန်အားဖြင့် ထိုတံခါးမှာ သူရောက်လာသည့်ချိန်တိုင်း ပိတ်ထားလေ့ရှိသည်. သူတံခါးခေါက်လိုက်သည်နှင့် အလိုအလျောက်ပွင့်သွားတတ်သည်. Bao Jin Yan က အဝေးထိန်းခလုတ်ဖြင့် သူ၏အခန်းအတွင်းမှ ထိန်းချုပ်ထားသည်. ယခုကဲ့သို့ တံခါးကျယ်ကျယ်ဖွင့်ထားခြင်းမျိုး မရှိခဲ့ဖူးချေ.

သူဖြတ်လျှောက်လာခဲ့ပြီးနောက် ဧည့်ခန်းအတွင်းသို့ရောက်သောအခါ သူတို့ချင်းတီးတိုးပြောနေကြသည့် လူအနည်းငယ်ကို တွေ့လိုက်ရသည်မှာ ခါတိုင်းနှင့်မတူ တမူထူးနေသော အခြေအနေတစ်ရပ် ဖြစ်သည်. Jian Yao တံခါးနားတွင် ရှေ့ဆက်မလျှောက်တော့ပဲ ရပ်လိုက်ပြီး သေချာဂရုတစိုက် နားထောင်လိုက်သည်. ထိုလူစုထဲမှတစ်ယောက်က လှည့်လာပြီး သူ့ဆီလျှောက်လာခဲ့သည်.

"မင်းပဲ!"
ထို့နောက် တိုက်ပုလေးထဲမှ လူအချို့ ထွက်လာကြသည်. ထိုသူတို့ကို Jian Yao မှတ်မိနေသည်. ဒီမနက်ခင်းတွင် တွေ့လိုက်ရသော လုံခြုံရေးရဲများ ဖြစ်သည်.

ထိုလုံခြုံရေးများနှင့် Jian Yao ရင်းနှီးသည်. သူတို့စောင့်ကြည့်ရသော တိုက်ခန်းနေရာများသို့ Jian Yao သွားလေ့ရှိသည်. ထိုနေရာက သူ၏ပထွေးအိမ်ရှိရာနေရာ ဖြစ်သည်. အချို့ကိုတော့ နာမည်များနှင့်ပါ တွဲသိသည်. ထိုအထဲမှ အသက်အကြီးဆုံးသော လုံခြုံရေးမှူးမှ အသံကိုမြှင့်လိုက်ပြီး

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now