တောင်ပိုင်းဆောင်းလေမှာ ယ္ခုထိတိုင် စိုစွတ်စွတ်နှင့် အေးစက်နေသေးသည်. သို့သော် ဆောင်းရာသီက အချိန်တော်ကြာ တွယ်ကပ်မနေတော့ပဲ နောက်ရာသီအတွက် နေရာဖယ်ပေးရန် အလျင်အမြန်ထွက်ခွာဖို့ ပြင်ဆင်နေသည်.
နှစ်သစ်ကူးရန် ရက်အနည်းငယ်လောက် လိုသေးသည်. ရာသီဥတုမှာလည်း တဖြေးဖြေးချင်း အပူချိန် မြှင့်တက်လာနေသည်. နှင်းခဲများ အရည်ပျော်လာသဖြင့် မြေပေါ်တွင် ဖုံးလွှမ်းနေသော မီးခိုးရောင် အဖြူကွက်လေးများ မရှိတော့သောကြောင့် မြို့လေးမှာ သန့်ရှင်းလာသည်. လူအများကလည်း အနွေးဓာတ်ရလာပြီဖြစ်သောကြောင့် အပြင်ဘက်တွင် ပိုမို၍ အချိန်ဖြုန်းလာကြသည်. မြို့ငယ်လေးမှာ ပြန်လည် အသက်ဝင်လှုပ်ရှားလာသည်.
Jian Yao ဖြေညှင်းစွာ လမ်းလျှောက်လာသည်. လှုပ်ရှားသက်ဝင်နေသော လူစုနှင့် ကွဲပြားစွာပင် သူ၏စိတ်ထဲ၌ လေးလံနေပြီး ပူပင်သောကများဖြင့် ပြည့်နှက်နေသည်. Bao Jin Yan က ဒီနေ့တွင် လူသတ်သမားကို ဖမ်းမိသင့်သည်ဟု ပြောထားသည်. ပတ်ဝန်းကျင်တွင်လည်း ကောလာဟာလများ ပျံ့နှံနေပြီ...... လူအများကလည်း စိုးရိမ်ကြောင့်ကြနေကြပြီ...
ဆိုင်တစ်ဆိုင်ရှေ့တွင် လူအများက စုဝေးနေပြီး ပြောဆိုနေကြသည်.
"ငါကြားတာက သူကကောင်လေးတွေကို အဓိကထားတယ်တဲ့..."
"ဘယ်လို လူဆိုးလဲကွာ... ရဲတွေက ရှာမတွေ့သေးဘူးလားတဲ့...."
"ငါ့ကလေးတွေကိုတော့ တစ်ယောက်တည်း လျှောက်မသွားဖို့ ပြောထားရမယ်...."-----------------------
ဒီနေ့တွင်တော့ Jian Yao က သူ၏ပထွေးအိမ် သွားလည်နေသည်. သူအိမ်အတွင်းသို့ ဝင်ရောက်ခါနီးမှာပင် Li Xun Ran ဆီမှ ဖုန်းဝင်လာသည်.
"Jian Yao... ငါတို့ကောင်လေးကို ရှာတွေ့ပြီ!!" သူ၏အသံမှာ ပင်ပန်းနေသည်.
"သူအသက်ရှင်နေတုန်းပဲ... ခုတော့ သူ့ကို ဆေးရုံလိုက်ပို့ပေးထားတယ်.. ဒါပေမယ့် လူသတ်သမားကိုတော့ လွတ်သွားတယ်... မြို့ထဲကိုတော့ လူတွေ ဖြန့်ပြီး ရှာခိုင်းထားတုန်းပဲ....."
Jian Yao က ပထမဆုံးတွေ့လိုက်သော အငှားယာဉ်ပေါ်သို့ တက်လိုက်ပြီး Bao Jin Yan ကို ဖုန်းခေါ်လိုက်သည်. နောက်ထပ် အိပ်ရာဝင်နောက်ကျနေခဲ့ပုံရသည်. သူ့အသံမှာ အိပ်ရေးမဝသကဲ့သို့ တိုးရှအက်ကွဲနေသည်.
YOU ARE READING
(Unicode) When He Comes, Close Your Eyes - MM Translation {Completed}
RomanceAuther - Ding Mo Year - 2014 Status in COO - 84 Chapters + Extras (Complete) From https://www.novelupdates.com/series/when-he-comes-close-your-eyes/ Chinese Series. "Love me if you dare'' *** Still editing***