Chapter 30

1.8K 252 1
                                    

Jian Yao ဖုန်းကိုချလိုက်ပြီး Bao Jin Yan ကို ကြည့်လိုက်သည်. သူက အိပ်ရာပေါ်တွင် ထိုင်နေဆဲဖြစ်သည်. အရှေ့ဘက်သို့ ကိုင်းလိုက်ပြီးနောက် လက်ချောင်းများကို ချိတ်ဆက်ထားသည့် သူ့လက်နှစ်ဘက်ကို  ပေါင်ပေါ် တင်လိုက်သည်. သူ့မျက်နှာထက်တွင် သဘောကျနှစ်ခြိုက်နေသည့်ပုံနှင့် ပြုံးနေသည်.

Jian Yao သေချာပေါက် ချီးကျူးပေးရမှာပေါ့....
"ဝှား....... ရှင် အရမ်းတော်တာပဲ......"

အမှန်တကယ်တော့ သူက တော်တယ်ဆိုတာထက်ပိုပါတယ်. သူက အံ့သြဖွယ်ရာ အထူးကဲဆုံးပဲ....
သို့သော် သူ၏ ချီးကျူးစကားက ထိုသူ၏ ရင်ထဲကို ထိရောက်ပုံမရပေ..

Bao Jin Yan အိပ်ရာပေါ်လဲချလိုက်ပြီး sleep mask ကို ပြန်တပ်လိုက်ကာ အနားယူနေတော့သည်. သူ့အတွက် ဤအရာက ရိုးရှင်းပြီး အလွယ်တကူ ဖြေရှင်းနိုင်သည့် အမှုမျိုး ဖြစ်သည်. ထိုအရာနှင့် ပတ်သက်၍ ကယောင်ခြောက်ချားဖြစ်ဖွယ်ရာ မရှိပေ.. ယခုအမှုက ကျိုးကြောင်းဆက်စပ်တွေးခေါ်ပြီး  ကောက်ချက်ချနိုင်သည်. သူအထူးကျွမ်းကျင်သည့် မှုခင်းစိတ်ပညာ... ကွင်းဆက်လူသတ်မှု အစရှိသည့် ရှုပ်ထွေးပွေလီလှသည့်  နယ်ပယ်နားထိတောင် မရောက်လိုက်...

Jian Yao : "မအိပ်ပါနဲ့.... အရာရှိ Wang က ကျွန်မတို့ကို တရားခံစစ်မေးတာကို ကြီးကြပ်ဖို့ ဖိတ်ခေါ်နေတယ်..."

"ကျွန်တော် မသွားဘူး...."
သူရိုးရှင်းစွာ ဖြေလိုက်သည်.
"ကျွန်တော့် အလုပ် ပြီးပြီ. ကျန်တာ သူတို့ အပိုင်းပဲ....."
-----------------------------

Jian Yao တစ်ယောက်တည်း ဟောခန်းမဘက်သို့ သွားလိုက်သည်. ထိန်းချုပ်ခန်းအဖြစ် ယာယီအသုံးပြုနေသော အခန်းတွင်းသို့ အရာရှိ Wang ခေါ်ဆောင်ရာနောက် လိုက်သွားလိုက်သည်.

အခန်းတွင်း၌ အရာရှိနှစ်ဦးက မြောက်များစွာသော စောင့်ကြည့် ဖန်သားပြင်ထက်ကို စစ်ဆေး ကြည့်ရှုနေကြသည်. ထိုပေါ်တွင် Customer 3 ဌာနခွဲရှိ ဝန်ထမ်းများကို စစ်မေးနေသည့် အခန်းတိုင်းတွင် တပ်ဆင်ထားသော ကင်မရာမှ ပုံရိပ်များရှိသည်.

Jian Yao က ဖန်သားပြင်များရှေ့တွင် ထိုင်လိုက်သည်. သူနှင့် ရင်းနှီးနေသော မျက်နှာများကို မြင်လိုက်ရသည်. Lin Yu Xuan... Zhou Qin... Shen Dan Wei... Qian Yu Wen... Pei Ze... သူတို့အားလုံးကို တစ်ယောက်တစ်ခန်း ခွဲထားသည်. ရဲများက သူတို့ထွက်ဆိုချက်များကို ဖမ်းယူနေသည်. Pei Ze မှလွဲ၍ ကျန်သည့်သူများ အားလုံး ငြီးငွေ့စိတ်ကုန်နေကြသည်. Pei Ze မှာတော့ ဘာတွေဖြစ်ပျက်နေပါစေ မိမိနှင့် မပတ်သက်နေသည့်ပုံမျိုးဖြင့် စိတ်ဝင်စားမှု ကင်းမဲ့နေသည်

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Hikayelerin yaşadığı yer. Şimdi keşfedin