Extra 07

2.9K 206 8
                                    

လက်ထပ်စာချုပ်

နွေးထွေးသော နွေဦးရာသီတစ်နေ့ဖြစ်သည်. ဒီနေ့မှာ Bao Jin Yan နှင့် Jian Yao တို့ တရားရုံးသို့သွား၍ လက်ထပ်မှတ်ပုံတင်ကြမည် ဖြစ်သည်.

ကံကောင်းထောက်မစွာပင် လူတန်းကြီးက သိပ်မရှည်ပေ. သူတို့ရှေ့တွင် စောင့်ဆိုင်းနေကြသည့် စုံတွဲဆယ်တွဲခန့်သာ ရှိသည်. သေချာပေါက်ကို သူတို့သည်သာ မယှဉ်သာလောက်အောင် ဆွဲဆောင်မှုအရှိဆုံး စုံတွဲဖြစ်နေသည်.

အရပ်ရှည်ပြီး ခန့်ချောနေသော Bao Jin Yan က ဤကဲ့သို့သော နေ့ရက်အတွက် အထူးသီးသန့်အော်ဒါမှာချုပ်ထားသော ဝတ်စုံကို မီးခိုးရောင်ရင့်ရင့် ရှပ်အင်္ကျီကို အထဲခံ၍ ဝတ်ဆင်ထားသည်. Jian Yao ကတော့ အပြာရောင်ဖျော့ဖျော့ဂါဝန်လေးနှင့် လှပတင့်တယ်ကာ ကျက်သရေရှိနေသည်.

Jian Yao အတွက် လူအများအာရုံစိုက်ခံရခြင်းကို နေသားကျနေပြီ ဆိုသော်လည်း ဤမျှလောက်ထိတော့ မဟုတ်ပေ. ထို့ကြောင့် သူ(မ)ဘေးနားတွင် ရပ်နေသော ထိုအမျိုးသားကြောင့်သာ ဖြစ်နိုင်ချေ ပိုများသည်ကို သိလိုက်သည်. သူ၏လက်မောင်းကို သူ(မ)ချိတ်လိုက်သည်နှင့် သူ၏ရှေ့တွင် တန်းစီနေကြသော လူများကို ကြည့်နေသည့်သူကို သတိထားမိလိုက်သည်. သူ့မှာလည်း အတွေးနယ်ကျွံနေပုံရသည်.

"ဘာစိတ်အနှောင့်အယှက်ဖြစ်နေတာလဲ?"
သူ(မ)နူးညံ့စွာမေးလိုက်သည်.

Bao Jin Yan သူ(မ)ကို တချက်လှမ်းကြည့်လိုက်သည်. တစ်ခုခု အရေးတကြီး ဖြစ်တတ်သည့် အချိန်မျိုးတွင် ထိုအကြည့်မျိုးကို သူ့ထံတွင် တွေ့ရတတ်သည်. သူသေချာစူးစမ်းနေသော လူများကို သူ(မ)သေချာကြည့်လိုက်သည်. အမျိုးသားအနည်းစုက နှစ်ဆယ်ဝန်းကျင်တွင်ရှိပြီး သာမာန်ကြည့်ပျော်ရှုပျော်ရှိသော အသက်အလယ်အလတ်လောက်ရှိသည့် အမျိုးသားအနည်းစုက သူတို့၏ဖြစ်လာတော့မည့် ဇနီးလောင်းများနှင့်အတူ ရပ်နေကြသည်. ထိုလူအများစုကတော့ အလွန့်အလွန်ကို သာမာန်ဖြစ်နေသည့်သူများသာ ဖြစ်သည်.

"ဘာဖြစ်လို့လဲ?"
သူ(မ)နောက်ထပ်တိုးတိုးလေး ထပ်မေးလိုက်သည်.

သူ(မ)ကို ကြည့်လိုက်ပြီး လှိုက်လှိုက်လှဲလှဲကြီး ပြောချလိုက်သည်.
"ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ခွင့်ပေးတဲ့ ကံကြမ္မာကို ကိုယ်ကျေးဇူးတင်ရမယ်..."

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now