Chapter 67

1.3K 183 6
                                    

နေ့လည်ခင်း..
Hong Kong စတိုင် စားသောက်ဆိုင်....

Hong Kong သည် နေထိုင်သူဦးရေ သိပ်သည်းများပြားသောကြောင့် လူသိများသည်. နေရာသေးသေးလေးမှာတောင်မှ လူများစွာ ရှိသည်. သေးငယ်လှသော စားသောက်ဆိုင်ထဲတွင် စားသောက်နေသူများပြားနေသည်. ထိုင်စရာနေရာရှာဖို့ရန်အတွက် Ouyang Lin အချိန်အတော်ယူလိုက်ရသည်. သူတို့၏အမှာစာ ပေးရန် စားပွဲထိုးများရောက်လာသည်အထိ စောင့်ဆိုင်းဖို့ရန် စိတ်မရှည်တော့.. သူနှင့် Anam က ကောင်တာနားသို့ လျှောက်သွားလိုက်သည်.

Jian Yao က Bao Jin Yan ဘေးနားတွင် ထိုင်နေသည်. သူကို တိုးတိုးလေးကပ်မေးလိုက်သည်.
"ရှင်ဘာတွေ ရှာတွေ့ထားလဲ?"

Bao Jin Yan ပြုံးလိုက်ပြီး
"နည်းနည်းတော့ အတည်ပြုဖို့ လိုသေးတယ်..."

Jian Yao ခေါင်းညိတ်လိုက်သည်.

ခဏကြာပြီးနောက် အမျိုးသားနှစ်ဦးပြန်ရောက်လာသည်. Ouyang Lin က သူတို့ရှေ့တွင် ထမင်းနှစ်ပန်းကန်ကို ချလိုက်သည်.
"ဒီနေ့ ငါးရှဥ့်ကင်မရဘူး... ခင်ဗျားတို့အတွက် ဝက်သားကင်.. ဘဲကင်နဲ့ ထမင်းကို မှာခဲ့တယ်. ဒီနေရာမှာတော့ လူကြိုက်များတဲ့ဟင်းလျာတွေပဲ..."

Jian Yao ငုံ့ကြည့်လိုက်သည်. လူတိုင်းက တူညီသော ဟင်းလျာရှိနေကြသည်. ထမင်းနှင့် ဝက်သားကင်... ဘဲကင်....

Anam က တူတစ်စုံကို ကောက်ယူလိုက်ပြီး စတင်စားသောက်လိုက်သည်. Ouyang Lin လည်း ဆာလောင်နေပြီ ဖြစ်သည်. Jian Yao နှင့် Bao Jin Yan တို့ကို မစောင့်တော့ပဲ စားနှင့်တော့သည်. Bao Jin Yan မျက်မှောင်ကြုတ်လိုက်သည်. ထို့နောက် စတင်စားသောက်လိုက်သည်. သို့သော်ဝက်သားကင်ကတော့ သေချာပေါက်ကို ဘေးဘက်သို့ တွန်းပို့ခြင်းခံလိုက်ရသည်. ဘဲကင်များကိုသာ စားနေသည်.

Jian Yao : "ခဏ."
သူ၏ပန်းကန်ထဲမှ ဝက်သားများကို သူ(မ)ဆီသို့ ရွေ့လိုက်ပြီး သူ(မ)၏ ဘဲကင်များကို သူ့ကိုပေးလိုက်သည်.

Bao Jin Yan သူ(မ)ကို ပြုံးပြရင်း
"ကျေးဇူး...."

ထိုသို့ လဲလှယ်နေစဉ်တချိန်လုံး တစ်ယောက်၏စိတ်ကို တစ်ယောက်အလိုလိုသိနေသကဲ့သို့ သူတို့စကားတစ်ခွန်းမှ မပြောဆိုခဲ့ကြပေ... Anam နှင့် Ouyang Lin တို့က အံ့သြနေကြသည်.

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now