ဤရက်သတ္တပတ်များအတွင်း Jian Yao အတွက် ပထမဆုံးအကြိမ် နာရီပေါင်းများစွာကြာအောင် အိပ်စက်ရခြင်းဖြစ်သည်. သူ(မ)ကို ချုပ်နှောင်ထားသည့် Xie Han မရှိ.. မျက်စိစူးလောက်အောက် တောက်ပသည့် အဖြူရောင်အလင်းများ မရှိ.. ဆေးမသွင်း.. သွေးလေခြောက်ခြားပြီး ထင်ယောင်ထင်မှားမရှိ... ခြေသံများမရှိ.. ရုတ်တရက် ထွက်ပေါ်လာတတ်သည့် Xie Han ၏ အသံများမရှိ...
သို့သော်လည်း သူ(မ)စိတ်ကတော့ ကောင်းကောင်းအိပ်စက်နိုင်ရလောက်အောင် မတည်ငြိမ်သေး.. အိပ်မက်ထဲတွင် တစ်ယောက်တည်းလျှောက်သွားပြီး တစ်ခုခုကို ရှာဖွေနေသည်. သူ(မ)ဘာကို ရှာဖွေနေသည်မှန်းလည်း သူ(မ)သေချာမသိ. သို့သော် သူ(မ)စိတ်ထဲမှာတော့ ပြင်းထန်သည့်ဆန္ဒ ရှိနေသည်. သူ(မ)၏မျက်လုံးများကို ဖွင့်လိုက်ချိန်မှာတော့ အိပ်စက်နေချိန်မှာတောင်မှ ဘာကြောင့် အလွန်စိုးရိမ်ေကြာင့်ကြေနရလဲ ဆိုသည်ကို နားလည်သွားသည်. သူနာပြုတစ်ယောက်ကို ချက်ချင်းခေါ်လိုက်ပြီး Anam ၏ အခန်းသို့ လိုက်ပါပို့ဆောင်ရန် ပြောလိုက်သည်.
နံရံထက်မှ နာရီကို ကြည့်လိုက်သည်.
မနက် ၁၀နာရီ...သူ(မ)လျင်မြန်စွာ ကိုယ်လက်သန့်စင်လိုက်သည်. မှန်ရှေ့တွင် ရပ်နေပြီး မျက်နှာထက်သို့ ရေတချို့ ဖြန်းပက်လိုက်သည်. ထို့နောက် မော့ကြည့်လိုက်ပြီး မှန်ထဲက သူ(မ)၏ပုံရိပ်ကို စိုက်ကြည့်လိုက်သည်. ခုချိန်ထိ အားနည်းဖျော့တော့နေဆဲဖြစ်သည်. ထို့ပြင် သူ(မ)စိတ်ထဲတွင်လည်း သူ(မ)ရင်နှင့်အမျှ ချစ်ရသည့် အမျိုးသားအတွက် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်.
မကြာမီ.. သူ(မ)အနောက်ဘက်မှနေ၍ အခန်းတံခါးကို ဖွင့်လိုက်သည့်အသံကို ကြားလိုက်ရသည်. မျက်နှာကို ပုဝါနှင့် သုတ်ရင်း လျင်မြန်စွာ လှမ်းပြောလိုက်သည်.
"ကျွန်မပြီးတော့မယ်.. ကျေးဇူးပြုပြီး Anam ရဲ့ အခန်းကို လိုက်ပို့ပေးပါ...."တံခါးပိတ်လိုက်သည့်အသံကို ကြားလိုက်ရပြန်သည်. ထို့နောက် သူ(မ)ဆီလျှောက်လာနေသော ခြေသံများကို ကြားနေရသည်. သူ(မ)တစ်ကိုယ်လုံးတောင့်တင်းသွားခဲ့သည့်.. သူ(မ)နောက်သို့ မလှည့်ရသေးခင်မှာပဲ သူ(မ)ခါးကို ပွေ့ဖက်လိုက်သော လက်တစ်စုံကို တွေ့လိုက်ရသည်. သူက အနောက်မှ ပွေ့ဖက်ပြီး သူ၏ရင်ခွင်ထဲသို့ သူ(မ)ကို ဆွဲယူလိုက်သည်.
YOU ARE READING
(Unicode) When He Comes, Close Your Eyes - MM Translation {Completed}
RomanceAuther - Ding Mo Year - 2014 Status in COO - 84 Chapters + Extras (Complete) From https://www.novelupdates.com/series/when-he-comes-close-your-eyes/ Chinese Series. "Love me if you dare'' *** Still editing***