Chapter 07

2.2K 296 5
                                    

ညနေဆည်းဆာချိန်တွင် ဖုန်ထူထူများက လေထုထဲ ပြည့်နှက်နေသည်. Jian Yao က ပြတင်းပေါက်ရှေ့တွင်ရပ်ကာ သူ၏အိမ်ရှေ့တည့်တည့်တွင်ရှိသော ရဲစခန်းကို ကြည့်နေသည်.

တိုက်ပုလေးထဲသို့ ခေါင်းဆောင် ဝင်သွားသည်နှင့် ရဲဝန်ထမ်းများက လူအားလုံးကို ထွက်သွားဖို့ရန် တောင်းဆိုလိုက်သည်. သူကတော့ Bao Jin Yan နှင့် ခေါင်းဆောင်တို့ စကားပြော မပြီးသေးခင်မှာပင် အိမ်သို့ ပြန်လာလိုက်သည်.

စာလုပ်နေရင်းမှ Jian Xuan ထွက်လာပြီး သူ့အစ်မထံ ဂျာနယ်တစ်စောင်ကို ကမ်းပေးလိုက်သည်.
"ငါ ကြီးမြတ်သူရဲ့ လက်မှတ်လိုချင်တယ်!''

Jian Yao သူ့ဘက်လှည့်ကြည့်လိုက်ပြီး
"တကယ်ကြီး!!'' မနေ့ကထိ သူ့ထံမှ Bao Jin Yan ကို နတ်ဆိုးလို့ ခေါ်နေပါသေးတယ်.

Jian Xuan ခေါင်းညိတ်လိုက်သည်.
"ငါက US series တစ်ခုဖြစ်တဲ့ မှုခင်းဆိုင်ရာအတွေးများ ရဲ့ fan အကြီးစားလေ. ဒီမှာ ငါက အခု တကယ့်ဘဝထဲက အဲ့လိုလူမျိုးနဲ့ တစ်မြို့ထဲတူတူနေတာလေ. ငါ အခွင့်အရေးကို လက်လွှတ်လို့ ဘယ်ဖြစ်မလဲ!!''

Jian Yao ပြန်လှည့်သွားပြီး ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ပြန်သည်.
"ငါ သူ့ဆီကလက်မှတ်ကို တောင်းဆိုမှာ မဟုတ်ဘူး.''
"ဘာကြောင့်လဲ?'' Jian Xuan အံ့သြသွားသည်. သူ့အစ်မကဘာကြောင့် ဒီအကြံကို ဆန့်ကျင်ရသလဲဆိုတာ နားမလည်နိုင် ဖြစ်သွားသည်.
"အစ်မ. စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုခုရှိလို့လား?''
Jian Yao သက်ပြင်းချလိုက်သည်.
"မရှိပါဘူး. ငါလက်မှတ်တောင်းရင် သူဘာပြန်ပြောမလဲဆိုတာ နင်သိလား?''
"ဘယ်လို?''
Jian Yao က Bao Jin Yan ၏ မာနကြီးကြီး စိတ်ကြီးဝင်နေသည့် ပုံစံဖမ်းလိုက်ပြီး အသံကိုလျော့ကာ
"အကယ်၍ ငါ့လက်မှတ်ကိုရချင်တဲ့သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမယ်ဆိုရင် ခုချိန်ကစ ငါ့လက် ရှိမှာ မဟုတ်တော့ဘူး.''
Jian Xuan:: ''အန်??''
Jian Yao:: ''အသုံးပြုရတာများလွန်းလို့ ဖြတ်လိုက်ရလို့လေ..."
Jian Xuan မျက်စိလည်သွားသည်.
"နင့်ဟာသက ရယ်စရာမကောင်းဘူးလေ?''
Jian Yao ရယ်လိုက်ပြီး ''အဲ့ဒါ ဟာသမဟုတ်ဘူး.''

Jian Yao တစ်ယောက် Bao Jin Yan ဘယ်သူဆိုတာ သိလိုက်ရပြီးနောက် တကယ် ထိတ်လန့်သွားခဲ့သည်. Bao Jin yan နှင့်ပတ်သက်ပြီး ပထမဆုံးထင်မြင်ချက်အရ မာနကြီးကြီး EQနိမ့်နိမ့် ရိုးရိုးအအနှင့် ဘာသိဘာသာနေတတ်သူ ဟူ၍.......
အဲ့လိုလူတစ်ယောက်က ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားတဲ့ ကျွမ်းကျင် ပညာရှင်တစ်ယောက် ဖြစ်နေသတဲ့လား.......
ကောင်းပြီလေ... တစ်ခါတစ်ရံမှာ ဘဝက အံ့ဖွယ်ရာတွေ ပေးတတ်တာပဲ..

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Donde viven las historias. Descúbrelo ahora