Chapter 05

2.3K 286 10
                                    

Jian Yao ဆိုဖာပေါ်ထိုင်လိုက်ပြီးနောက် ခဏမှေးရန် ဆုံးဖြတ်လိုက်သည်. ခဏမျှကြာတော့ မတ်တတ်ရပ်လိုက်သည်. သူဝတ်ဆင်ထားသည်မှာ ဂျက်ကတ်ပါးလေး တစ်ထည်တည်းသာဖြစ်သည်. သူ့လက်နှင့် ခြေထောက်မှာလည်း တဖြေးဖြေးအေးလာနေသည်. သူတုပ်ကွေးမိလိမ့်မည်ဟု တွေးထင်မိသည်. Bao Jin Yan ရှိနေသည့် အခန်းဘက်သို့ လျှောက်သွားလိုက်သည်. ကော်ရစ်တာအဆုံး၌ နောက်ထပ်အံအားသင့်စရာတစ်ခုကို တွေ့လိုက်ရသည်.
အလင်းရောင်.....

တံခါးအောက်ဘက် အဟနေရာနားလေးမှာ ထိုးထွက်ကျနေသည့် အလင်းရောင်သေးသေးလေး... အဲ့မှာ အရေးပေါ်သုံးအလင်းချောင်းတစ်ခုခုရှိနေတယ်!!
Jian Yao ထိုနေရာတွင် ရပ်တန့်လိုက်သည်. တခဏလောက်တော့ သတိလစ်လုမတက် ဖြစ်သွားသည်. ထို့နောက် တံခါးခေါက်လိုက်သည်.
တံခါးပွင့်လာသည်နှင့် မျက်နှာကြက်ပေါ်မှဓာတ်မီးချောင်းများက တောက်ပစွာ ထွန်းလင်းနေသည်ကို တွေ့မြင်လိုက်ရသည်.  အမှောင်တွင်ကြာရှည်စွာ တည်ရှိနေခဲ့သူအဖို့ အလင်းနှင့် ချိန်ကိုက်သားရရန် အနည်းငယ်ခက်ခဲလေသည်. ထို့နောက် တံခါးဝနားတွင်ပိတ်ရပ်ကာ အလင်းရောင်ကိုပိတ်ကာထားသလို ဖြစ်နေသော ယောင်္ကျားတစ်ယောက်ကို တွေ့လိုက်ရသည်.
Jian Yao မျက်တောင်ခတ်လိုက်သည်. အခန်းတွင်းရှိသည့် အရာများကို စပ်စုကြည့် လိုက်သည်. သို့သော် Bao Jin Yan ကအလျင်အမြန် သူ့ရှေ့တွင်ရပ်လိုက်ကာ မြင်ကွင်းကို ပိတ်ကာထားလိုက်သည်.

"ဘာလဲ?'' ကြီးမားသော အဖြူရောင် ခွဲခန်းသုံး mask ကိုတပ်ဆင်ထားသည့် ထိုသူကမေးလိုက်သည်. Jian Yao သူ့မျက်လုံးများကိုသာ မြင်နိုင်သည်.

"ကျွန်မ အေးနေလို့. အင်္ကျီ နည်းနည်းလောက်ငှါးချင်လို့ပါ.'' ဟု Jian Yao ပြောလိုက်သည်.

တခဏလောက်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် သူတုံ့ပြန်လိုက်သည်.

"ကျွန်တော့ အင်္ကျီတွေ အခြားသူဝတ်မှာကို မလိုလားဘူး''

Jian Yao အံ့သြသွားသည်.
ထို့နောက် ထိုသူက နောက်အနည်းငယ်ဆုတ်လိုက်ပြီး တံခါးပိတ်လိုက်သည်. အမှောင်ထုကြီး နောက်တစ်ကြိမ် သူ့နား ပြန်လည် အုပ်စိုးလာသည်. တံခါးပိတ်နေစဉ်အတွင်း Bao Jin Yan ခွဲခန်းသုံး လက်အိတ် ဝတ်ဆင်ထားသည်ကို Jian Yao သတိပြုမိလိုက်သည်. အခန်းတွင်းရှိ စင်များပေါ်တွင် ထားရှိထားသော ပုလင်းဝိုင်းဝိုင်းလေးများကိုလည်း တွေ့လိုက်သည်. အထဲတွင် မည်သည့်အရာ ရှိသည်ကိုတော့ မသေချာပေ. သို့သော် တစ်စုံတစ်ခုတော့ ရှိနေသည်.

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Waar verhalen tot leven komen. Ontdek het nu