Chapter 40

1.9K 254 26
                                    

Huo Xiao Lu ရဲ့အကြောင်းက သူအသက် ဆယ့်တစ်နှစ်လောက်က စတင်ခဲ့သည်. မြင်မြင်ချင်းအချစ်လို့ ပြောရမည်. သူက Su Bei ကို စစတွေ့စမှာပင် သဘောကျခဲ့သည်. Su Bei ၏ မိဘများသည်လည်း အထည်အလိပ်စက်ရုံများမှ အလုပ်သမားဟောင်းများ ဖြစ်သည်. သို့သော် Huo Xiao Lu နှင့် မတူညီသည်က သူ့တွင် သူငယ်ချင်းများစွာ ရှိသည်. သူက ပျော်ပျော်ရွှင်ရွှင်နှင့် ကျေနပ်ရောင့်ရဲသောဘဝတွင် နေထိုင်သည်.

Huo တွင်တော့ ဘာမှမရှိ. အိမ်ပြန်ရသည်ကိုလည်း မနှစ်သက်. အချို့သောညများတွင် ကုတင်လှုပ်သံများ.. ပြင်းထန်သော အသက်ရူသံနှင့် ညည်းညူနေသည့်အသံများကို ကြားရသည်. အကြိမ်တိုင်းမှာ မနက်ရောက်သည်နှင့် မိခင်ဖြစ်သူ၏ အိပ်ခန်းမှ မတူညီသော အမျိုးသားများ ထွက်လာသည်.

၂၀၀၃ ခုနှစ်
သူ၏ဖခင်က မိသားစုကို စွန့်ပစ်ခဲ့ပြီး Dong Guan ကို အခြားအမျိုးသမီးတစ်ယောက်နှင့်အတူ ထွက်သွားခဲ့သည်. သို့သော် Huo က ဝမ်းနည်းသည်ဆိုတာထက် စိတ်သက်သာရာရခဲ့သည်. မိဘဖြစ်သူကြားက အတောမသတ်နိုင်သော ရန်ပွဲများနှင့် သူကြီးပြင်းလာခဲ့ရသည်မဟုတ်လား..

သို့သော်လည်း ငြိမ်းချမ်းသည့် အချိန်များက ကြာရှည်မခံတတ်.. သူ၏ဖခင်ထွက်သွားပြီး နှစ်နှစ်လောက်ကြာပြီးနောက် မိခင်က မလိုလားအပ်သောအလုပ်ကို လုပ်ခဲ့သည်. အထူးကျွမ်းကျင်သော ပညာရပ်မရှိ.. ကျောင်းပညာအရည်အချင်းမရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးအတွက် သူနှင့် သမီးဖြစ်သူ၏ စားဝတ်နေရေး ထောက်ပံ့ရန် ပြည့်တန်ဆာလုပ်ခဲ့ရသည်.

မိခင်ဖြစ်သူက သူ၏ပြည့်တန်ဆာအလုပ်ကို Huo ၏ ကျောင်းနှင့်ဝေးရာ.. သူ၏သူငယ်ချင်းများနေထိုင်ရာ နေရာတွင် အကောင်းဆုံးလုပ်ဆောင်နေခဲ့သည်. အတန်းဖော်များက သူ၏မိခင်က အခြားမြို့တွင် အလုပ်သွားလုပ်နေသည်ဟုသာ ယူဆနေကြသည်. သို့သော် Huo က ကျောင်းလခအတွက် ပိုက်ဆံယူရတိုင်း ညစ်ပတ်ခြင်းနှင့် စက်ဆုပ်ရွံရှာခြင်းတို့ ခံစားခဲ့ရသည်.

သူက အမြဲတမ်းတော့ Ruan Ming Huai ကို မုန်းနေခဲ့တာ မဟုတ်ပေ. သို့သော် Ruan က Su Bei ကို လိင်တူစိတ်ဝင်စားသူအဖြစ် ကောလဟာလများကို စဖြန့်ပြီးသည့်နောက်မှာတော့ သူငယ်ချင်းအဖြစ် မိတ်ဖွဲ့ရန် ဆုံးဖြတ်လိုက်သည်. ဘယ်သူမှ သူ၏မင်းသားကို နာမည်မဖျက်နိုင်စေရ. အရင်ဆုံး Ruan ၏ သူငယ်ချင်း ဖြစ်အောင်လုပ်မည် ပြီးမှ သူ့ကို အပြစ်ပေးနိုင်ရန် အခွင့်အရေးရှာရမည်. ဤလူသတ်မှုက စိတ်လိုက်မာန်ပါလုပ်ထားသော ဆုံးဖြတ်ချက်ဖြစ်သည်.

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now