Chapter 64

1.4K 187 12
                                    

Li Xun Ran သတိရလာချိန်မှာတော့ စူးရှတောက်ပနေသည့် အဖြူရောင်အလင်းရောင်တန်းကို မြင်လိုက်ရသည်. သူ ဟောင်းနွမ်းစုတ်ပြတ်နေသော အိပ်ရာသေးသေးလေးထက်တွင် လဲနေသည်. သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဖြတ်ရာ ရှရာ ဒဏ်ရာများနှင့် ဖုံးလွှမ်းနေသည်. သူ၏လက်နှင့် ခြေထောက်များကို လေးလံပြီး ရှည်လျားသော ချိန်းကြိုးများနှင့် ချည်နှောင်ထားသည်.

သူချောင်းဆိုးလိုက်သည်. သူ၏ဆို့နှစ်နေသော ရင်ခေါင်းကြီးက အနည်းငယ်တော့ ရှင်းလင်းသွားသည်. ဖြေးညှင်းစွာ ထထိုင်ပြီး အိပ်ရာထက်မှ ထွက်လိုက်သည်. အခန်းထောင့်နားလေးက လက်ဆေးကန်လေးဆီသို့ လျှောက်သွားလိုက်သည်. ရေပိုက်ခေါင်းကို ဖွင့်ချကာ ရေအချို့သောက်လိုက်သည်.

သံတံခါးအောက်နားလေးက အနည်းငယ်ပွင့်နေသော အပေါက်လေးမှ ပန်းကန်ပြားတချပ်ကို တွန်းပို့သည့်အသံကို ကြားလိုက်ရသည်. ပူနေသေးသည့် ဘဲကင်နှင့် ထမင်းထည့်ထားသော ပန်းကန်....

Li Xun Ran ၏ ကိုယ်အလေးချိန် ကျဆင်းသွားသည်. ဒီရက်များအတွင်း မုတ်ဆိတ်မရိတ်ထားရသော်လည်း သူ၏မျက်လုံးများက စူးရှနေဆဲဖြစ်သည်. သူက အစာကို ကြည့်လိုက်ပြီး အိပ်ရာထက်သို့ ပြန်သွားလိုက်သည်.

"ကောင်းပြီလေ..."
သံတံခါးနောက်ဘက်မှ အမျိုးသားတစ်ယောက်၏ အသံထွက်လာသည်.
"မင်းကိုယ်မင်း အစာငတ်ခံရအောင် ရူးနေတာပဲ... မင်းမှာအားမရှိရင် ငါနဲ့ ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ?"

အသံက ပြုပြင်ထားသဖြင့် စူးရှပြီး ကြက်သီးထဖွယ်ကောင်းသည်.
သူ့ကို Li Xun Ran လျစ်လျူရှုထားသည်. မျက်လုံးများကို ပိတ်လိုက်သည်. အချိန်ခဏကြာပြီးမှ မျက်လုံးများကို ဖွင့်ကာ မေးလိုက်သည်.
"အခြားအခန်းတွေထဲမှာ ပိတ်ထားတဲ့ လူလေးယောက်က ဘယ်မှာလဲ?"

သူ၏အသံက အက်ကွဲနေသည်.

ထိုလူက ရယ်လိုက်ပြီး
"အို... သူတို့ကို အိမ်ပြန်ပို့လိုက်ပြီ..."

Li Xun Ran တိတ်ဆိတ်သွားပြန်သည်.

ထိုလူ : "အလျင်မလိုပါနဲ့... ရက်အနည်းငယ်အတွင်းမှာပဲ နောက်အသစ်လေးယောက်ကို ခေါ်လာပေးပါ့မယ်... အခုတော့ အစာနည်းနည်းစားလိုက်ဦး... မဟုတ်ရင် အရင်လူလေးယောက်ကို မင်းအကြံပေးခဲ့သလိုမျိုး သူတို့ကို ကူညီဖို့ အားမရှိပဲ နေလိမ့်မယ်.. ဟင်.... မင်းက ရဲကောင်းတစ်ယောက်ပဲမလား..."

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Tempat cerita menjadi hidup. Temukan sekarang