Chapter 62

1.6K 204 13
                                    

ညသန်းခေါင်ယံအချိန်ကို ကျော်လွန်ခဲ့သည်. တစ်ညလုံး မြူခိုးများ အုံ့မှိုင်းကာ မိုးအဆက်မပြတ်ရွာသွန်းနေသည်. Bao Jin Yan က အနက်ရောင် ညအိပ်ဝတ်စုံနှင့် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်. စိုစွတ်နေသေးသည့် သူ၏ဆံပင်များကို နားရွက်နောက်သို့ ဖြီးသင်ထားသည်. အိပ်ရာပေါ်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်.

Jian Yao က ခေါင်းအုံးထဲသို့ ဦးခေါင်းကို နှစ်မြှုပ်ပြီး အိပ်နေသည်. ရှည်လျားသော ဆံပင်များက အဖြူရောင် အိပ်ရာခင်းထက်တွင် ပြန့်ကျဲနေသည်. သူ(မ)ကို အတော်ကြာ ကြည့်လိုက်ပြီးမှ ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်.

မှန်ထက်သို့ တဖွဲဖွဲကျနေသော မိုးရေများ ရိုက်ခတ်ထားသဖြင့် တင်ကျန်နေခဲ့သော ရေစက်ရေပေါက်များက ပြတင်းပေါက်မှန်ထက်မှ အောက်သို့ စီးကျနေသည်. Fu Zi Yu ဆီသို့ ဖုန်းခေါ်ဆိုလိုက်သည်.

Fu Zi Yu က မကျေလည်သောအသံဖြင့် ထူးလာသည်.
"အခု ဘယ်အချိန်အချိန်ရှိပြီလဲဆိုတာ သိရဲ့လား? မနက်ဖြန်မနက် ၉နာရီကျရင် ငါခွဲခန်းဝင်ဖို့ ရှိတယ်!"

Bao Jin Yan က နံရံပေါ်မှ နာရီကို ကြည့်လိုက်ပြီး တိကျစွာ ဖြေလိုက်သည်.

"မနက် တစ်နာရီ နှစ်ဆယ်မိနစ်.."
စိတ်မသန့်ခြင်း လုံးဝမရှိ. လိပ်ပြာသန့်သန့်ဖြင့် အပြစ်ကင်းမဲ့သောအသံနှင့် ပြောလိုက်သည်.

သို့သော် ဤကဲ့သို့သောအချိန်နာရီမျိုးတွင် ဖုန်းခေါ်ဆိုရသည့် အကြောင်းပြချက် သူ့တွင်ရှိနေသည်ကို Fu Zi Yu က သိရှိပြီးဖြစ်သည်. ထို့ကြောင့်
"ဘာက မင်းကို နှောင့်ယှက်နေတာလဲ?"

"ငါတို့ အဲ့လူကို ရှုံးသွားတယ်.."
Bao Jin Yan က လေသံကို လျော့ပြောလိုက်သည်.
"ပိုပြီးပြင်းထန်တဲ့အမှုတွေကို ကျူးလွန်တော့မယ်လို့ သူကြေငြာထားတယ်.. ငါနဲ့အနီးကပ်ဆုံးမှာရှိတဲ့လူတွေကို ပစ်မှတ်ထားနိုင်တယ်. ကျေးဇူးပြုပြီး ဂရုစိုက်ပါ..."

Fu Zi Yu ခဏကြာအောင် ငြိမ်သက်နေပြီးမှ ပြန်ပြောလိုက်သည်.
"ဟုတ်ပါပြီ.. ဂရုစိုက်ပါ့မယ်.. ငါ့ကို စိတ်မပူပါနဲ့... မင်းနဲ့ Jian Yao တို့ကော ဘယ်လိုရှိလဲ?"

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Wo Geschichten leben. Entdecke jetzt