Chapter 82

1.3K 181 4
                                    

ဖန်သားပြင်ထက်သို့ ကြည့်နေရင်း Xie Han ပြုံးလိုက်သည်.

'လှပသော' ပုံရိပ်လေးကို မြင်နေရသည်. အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို လုံးဝထိန်းချုပ်ထားသည်. သူ(မ)ကို နမ်းနေရင်း သူ၏လက်များကလည်း သူ(မ)ခန္ဓာကိုယ်တစ်ခုလုံးကို သွားလာနေသည်. အမျိုးသမီးကလည်း ထိုသူ့ထံမှ လွတ်မြောက်ခွင့်မရှိသည့် ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ မလှုပ်ရှားနိုင်ပဲဖြစ်နေသည်.

အနမ်းက တိုတောင်းသည်. အမျိုးသားက သူ၏အပေါ်နှုတ်ခမ်းမှ သွေးများကို လျက်လိုက်သည်. သူနောက်သို့ ခြေလှမ်းဆုတ်လိုက်ပြီး သေနတ်ကို သူ(မ)၏နားထင်သို့ ချိန်လိုက်သည်.

"နှုတ်ဆတ်ပါတယ်.... Jenny."
ကြမ်းရှပြီး စိတ်လှုပ်ရှားနေသည့်အသံနှင့် ပြောလိုက်သည်.

Jian Yao မျက်လုံးများကို ပိတ်လိုက်သည်. သူ(မ)၏ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေသည်. ချိန်းကြိုးကို ဖမ်းကိုင်ပြီး တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်.

"Pang!"
ရှင်းလင်းသော သေနတ်သံ...

Bao Jin Yan လှောင်ပြုံးပြုံးနေရင်း သေနတ်ကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်. နောက်သို့လှည့်လိုက်ပြီး ခေါင်းကိုမော့ကာ ကင်မရာတစ်ခုသို့ စိုက်ကြည့်လိုက်သည်.

သူ၏အနောက်ဘက်တွင် Jian Yao ၏ ခန္ဓာကိုယ်ကို Xie Han မြင်နေရသည်. သူ(မ)၏ခန္ဓာကိုယ်တစ်ခုလုံး ပျော့တွဲကျနေသည်. ကျည်ဆန်က သူ(မ)ခေါင်းကို ထိုးဖောက်ဖြတ်သွားသကဲ့သို့ သူ(မ)၏ဘယ်ဘက်နားထင်တွင် သွေးများစီးကျနေသော အပေါက်ရှိနေသည်.

"အို..."
Xie Han အပြုံးများ ပို၍နက်ရှိုင်းလာသည်. သူသည်လည်း စိတ်လှုပ်ရှားလွန်း၍ လက်များက စားပွဲထောင့်စွန်းနားကို ဆုပ်ကိုင်ထားသည်.

Allen.
လုံးဝသံသယဖြစ်စရာမရှိဘူး...
ဘယ်လောက္တောင် ပြည့်စုံလိုက်တဲ့ စမ်းသပ်ချက်လဲ..
ဘယ်လိုလှပတဲ့ သေခြင်းတရားလဲ!

Bao Jin Yan မောက်မာလွန်းလှသည့်လေသံနှင့် ပြောလိုက်သည်.
"ဟေ့.. ရုပ်သေးရုပ်... ငါတို့ဘယ်နေရာမှာ တွေ့ကြမှာလဲ?"

သူက Xie Han ကို ရုပ်သေးရုပ်ဟု လှောင်ပြောင်လိုက်သည်. ယခုစမ်းသပ်ချက်က ကလေးဆန်လွန်းပြီး နုံချာလွန်းလှသည်ဟု သူတွေးထင်ကြောင်း Xie Han ကို ပြောလိုက်သည့် သူ၏နည်းလမ်းဖြစ်သည်.

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now