Extra 03

1.8K 202 17
                                    

Maryland တက္ကသိုလ် ကောလိပ်

လက်ထပ်ပြီး ဒုတိယနှစ်မှာတော့ Jian Yao ၏ ဆုတောင်းပြည့်သွားခဲ့သည်. Maryland တက္ကသိုလ်၏ စိတ်ပညာဌာနမှာ ဘွဲ့လွန်ဒေါက်တာဘွဲ့အတွက် တက်ရောက်သင်ကြားရန် ဝင်ခွင့်ကို လက်ခံရရှိခဲ့သည်. သူ(မ)နှင့် အတူ US သို့ လိုက်ပါရန် Bao Jin Yan ဆုံးဖြတ်လိုက်သည်. သူလည်း တက္ကသိုလ်တွင် ပါမောက္ခအနေနှင့် အလုပ်ဝင်မည်.

ထိုအကြောင်းကို သူတို့ဆွေးနွေးချိန်တွင် Jian Yao တုံ့ဆိုင်းနေခဲ့သည်.
"ရှင်သွားချင်တာ သေချာလား? ပိတ်ရက်တိုင်း ကျွန်မပြန်လာမှာ. ပြီးတော့ ရှင်လည်း လာလည်လို့ရနေတာကို."

ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ အကြံပေးတစ်ယောက်ဖြစ်သည့် Bao Jin Yan အနေနှင့် FBI ၏ စုံစမ်းစစ်ဆေးမှုများတွင် ဝင်ရောက်အကူအညီ မပေးနိုင်ပေ. သူ(မ)၏ အမျိုးသားအကြောင်းကို ကောင်းကောင်းသိသည်. စာသင်ကြားရေးအပိုင်းတွင် အလွန်ပျင်းရိငြီးငွေ့စရာကောင်းကြောင်း သူသိလာလိမ့်မည်.

Bao Jin Yan သူ(မ)ကို ကြည့်လိုက်သည်.
"ကိုယ်လက်ထပ်ခွင့်တောင်းတုန်းက ဘယ်လိုသဘောတူညီချက်လုပ်ခဲ့တယ်ဆိုတာ မေ့သွားပြီလား?"

သူပြောခဲ့သည့်အရာများကို Jian Yao မမှတ်မိနိုင်ပေ. ခေါင်းကို ခါလိုက်ပြီး
"သဘောတူညီချက်?"

Bao Jin Yan ခေါင်းငုံ့လိုက်ပြီး သူ(မ)၏ပါးပြင်နှစ်ဖက်ကို ရွှတ်ခနဲ့မြည်အောင်နမ်းလိုက်ပြီး ဂုဏ်ယူစွာပြောလိုက်သည်.
"ကိုယ့်ရဲ့ဉာဏ်ပညာတစ်ခုလုံးနဲ့.. ကိုယ့်မှာ ရှိသမျှအရာအားလုံးကို ပုံအပ်ပြီး ချစ်မယ်.. ပြီးတော့ ကိုယ့်ရဲ့ကျန်ရှိတဲ့ဘဝတလျှောက်လုံးမှာလည်း ချစ်သွားမယ်.."
-နေ့ရက်တိုင်း မင်းဘေးမှာပဲ ရှိနေချင်တယ်.. တရက်လေးခွဲရရင်တောင်မှ ကိုယ်ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး.. နှစ်အနည်းငယ်လောက် တစ်နှစ်မှ အနည်းဆုံးခြောက်လတောင် ဘယ်လိုလုပ်ခွဲပြီးနေနိုင်မှာလဲ?

ချိုမြိန်လှသော သူ၏စကားလုံးများကြောင့် Jian Yao ၏ နှလုံးသားအရည်ပျော်ကျသွားသည်. သူ(မ)၏ ရွှန်းလဲ့တောက်ပနေသော မျက်ဝန်းများနှင့် သူ့ကို မေးလိုက်သည်.
"ရှင်ပြောလိုက်တဲ့ထဲက ပထမစကားလုံးက ဘာလဲ?"

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now