Chapter 83

1.4K 176 7
                                    

ညနေ ငါးနာရီ

အကျနေ၏ ရွှေဝါရောင်ခြည်က ပြတင်းပေါက်ကို ဖြတ်သန်းတောက်ပနေသည်. ခရစ်စတယ် မီးဆိုင်းပန်းအောက်တွင် အမျိုးသားနှစ်ယောက် ထမင်းစားပွဲ၏ အစွန်းတစ်ဖက်ဆီတွင် တစ်ယောက်စီထိုင်နေပြီး ညစာစားနေကြသည်.

Xie Han : "မင်းရဲ့အစီအစဉ်တွေက ဘာလဲ?"

Bao Jin Yan သူ့ကို တချက်လှမ်းကြည့်လိုက်ပြီး
"ရှရှားဆိုရင်ကော?"

Xie Han ပြုံးလိုက်သည်.
"သဘောကျတယ်.. ဆေးတွေ.. လက်နက်တွေရဲ့ ကောင်းကင်ဘုံပဲ... ရှရှားကို အတူတူသွားကြရအောင်.."

ဆုံးဖြတ်ချက်ချပြီးသွားနောက် သူတို့၏ဖန်ခွက်များကို မြှောက်လိုက်သည်.

"ရှရှားကို..."

"ရှရှားကို..."

သူတို့ အဆာပြေအဖြစ် ကျပ်တိုက်ထားသော ‌ဆော်လမွန်ငါးကို စားပြီးသွားတော့ အိမ်စေများက အဓိကဟင်းလျာများကို ယူဆောင်လာကြသည်. Xie Han က လက်သုတ်ပဝါကို ပြန်ညှိလိုက်ပြီး Bao Jin Yan ၏ တုံ့ပြန်မှုကို ကြည့်နေသည်.

အလယ်အလတ်လောက်သာ ကျတ်နေသော အမဲသားစတိခ်တစ်ပန်းကန်က Bao Jin Yan ၏ အရှေ့မှာ.. Bao Jin Yan က လျှပ်တပြတ် မဲ့ပြုံးပြုံးလိုက်ပြီး ဓားနှင့် ခရင်းကို အေးဆေးသက်သာစွာ ကောက်ယူလိုက်သည်. စတိခ်ကို အပိုင်းသေးသေးလေးများအဖြစ် ဖြတ်တောက်လိုက်သည်နှင့် အသားကင်ထဲမှ သွေးများက အချိုရည်ကဲ့သို့ စိမ့်ထွက်လာသည်. အပိုင်းသေးလေးကို ကောက်ယူလိုက်ပြီး ပါးစပ်အတွင်းထည့်လိုက်သည်.

Xie Han သဘောကျစွာပြုံးလိုက်သည်. မကြာမီ Bao Jin Yan က သူ၏အမဲသားကို စားသုံးပြီးသွားခဲ့သည်. နောက်ပြီး အသုပ်နှင့် အချိုပွဲတို့ တန်းစီရောက်လာခဲ့သည်.

Xie Han မတ်တပ်ရပ်လိုက်သည်. Bao Jin Yan နားလျှောက်သွားပြီး
"ငါဗိုက်ဝသွားပြီ.. ငါ့ကို ခွင့်ပြုပါဦး.. ညကျရင် စံအိမ်ထဲကို လိုက်ပြပေးမယ်.. အခုမင်းစားပြီးသွားရင်တော့ တစ်ယောက်က မင်းအခန်းကို လိုက်ပို့ပေးလိမ့်မယ်.."

Bao Jin Yan က ကိတ်အပိုင်းလေးကို ပါးစပ်ထဲထည့်ခါနီး Xie Han ကို တချက်လေးမှ လှမ်းမကြည့်ပဲနှင့်..
"Ok."

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now