Chapter 76

1.2K 171 11
                                    

Jian Yao ပျောက်ဆုံးနေခြင်းသည် Bao Jin Yan အတွက် မည်သည့်အခါမှ လက်မခံနိုင်သည့် တစ်တဈစံုတဈခု...

ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်. သွေးများက လက်မောင်းတစ်လျှောက်ကနေ လက်ချောင်းထိပ်မှတဆင့် မြေကြီးပေါ်သို့ စီးကျသွားသည်. Jian Yao ၏ မျက်နှာက အေးစက်နေသော ကွန်ကရစ်ကြမ်းပြင်ကို ထိနေသည်. လှုပ်ရှားမှု မရှိ... နောက်ကျောနှင့် ခါးတို့က ပြင်းထန်စွာ နာကြင်နေသည်. ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံးကို ကိုယ်မပိုင်ဆိုင်တော့သလို ခံစားနေရသည်..

ထို့ပြင် သူ(မ)၏ အမြင်အာရုံက ခုချိန်ထိ မှုန်ဝါးနေဆဲဖြစ်သည်. မီးလုံး.. အိပ်ရာ.. သံတိုင်များ... အနားပတ်ပတ်လည်ရှိ အရာအားလုံးက မကောင်းဆိုးဝါးများအဖြစ်သို့ ပြောင်းလဲနေသည်. တချိန်တည်းမှာပဲ စကားပြောနေသည့်အသံပေါင်းများစွာကလည်း ရှိနေသေးသည်. ဦးခေါင်းကလည်း အလွန်နာကြင်နေသည်မှာ ပေါက်ကွဲထွက်တော့မည့်အလား......

-Yao Yao... ဖေဖေ့စကားကို မှတ်ထားပါ.... ရိုးသားဖြောင့်မတ်စွာ နေပါ... နင့်ရဲ့ အသိတရားကို ထိခိုက်စေနိုင်တဲ့အရာတွေကို တခုမှမလုပ်ပါနဲ့....
-မမရေ.... နင်ဘာလို့ အဲ့လူထူးဆန်းကြီးအပေါ် အရမ်းကောင်းနေရတာလဲ...
-Jian Yao... Jin Yan ကို မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်ပြီး အရမ်းဂရုစိုက်တာ တခါမှ မမြင်ခဲ့ဖူးဘူး...
-ကျွန်တော့်ကို နမ်းချင်လား?
-ငါးမိနစ် တစ်ကြိမ်နမ်းရင်... ဘယ်အရာမဆို ခင်ဗျားနဲ့အတူ လုပ်ပေးမယ်... ဘယ်လောက်ပျင်းစရာကောင်းနေပါစေ....
-အခု... အမှန်တကယ်လို့ ခံစားရပြီလား?

မျက်ရည်များက စမ်းချောင်းသဖွယ် ပါးနှစ်ဖက်မှတဆင့် ခြောက်သွေ့အက်ကွဲနေသော နှုတ်ခမ်းများကို ဖြတ်စီးသွားသည်. အရာအားလုံးက ငန်ပြီး ခါးသက်နေသည်... အခြားအရသာများကို နောက်ထပ် အမှတ်မရနိုင်တော့....
ချိုမြိန်မှု????
အတိတ်က အရာတစ်ခုပဲ ဖြစ်မယ်....

"Tak... Tak... Tak.."
ခြေသံတချို့က နီးကပ်လာသည်. ထောင့်နားလေးတွင် Jian Yao က သေးငယ်ပြီး အားနွဲ့သော တိရိစ္ဆာန်လေးကဲ့သို့ အလိုလိုကွေးသွားသည်.

"ဘာလို့ ထပ်မပြေးတော့တာလဲ?"
Xie Han ၏ အသံက နောက်ဘက်နားမှ ထွက်လာသည်.
"ပျော်စရာ မကောင်းတော့ဘူး.... လွန်ခဲ့တဲ့နှစ်ရက်တုန်းကမှ မင်းခုန်ပေါက်နေသေးတယ်လေ.. ယုနျပေါကျလိုလေးလေ..."

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now