Chapter 51

2K 228 5
                                    

မနက် ၂ နာရီ...
ရဲအရာရှိများနှင့် ဒေသတွင်းနေထိုင်သူများကြောင့် သေးငယ်လှသည့် Hongyun ရွာလေးက ပြည့်ကျပ်သွားသည်. ရဲအရာရှိများက Bao Jin Yan ၏ ရှင်းလင်းပြောကြားချက်များကို နားထောင်နေကြသည်. ဒေသတွင်းနေထိုင်သူများက မှုခင်းနေရာနားတွင် ရပ်နေကြပြီး သူတို့အချင်းချင်းဆွေးနွေးပြောဆိုနေကြသည်.

Bao Jin Yan က သူ၏အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်သည်. လူအုပ်ကြီးရှေ့တွင် ရပ်နေသည်က ပညာရပ်ဆိုင်ရာစာတမ်းများ တင်ပြတော့မည့်အလား ရှိနေသည်.. လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး စတင်လိုက်သည်.
"ကျူးလွန်သူက အသက် ၂၅ နဲ့ ၃၅ ကြားမှာရှိတဲ့ အမျိုးသား.."

ရဲဝန်ထမ်းများ အထင်ကြီးသွားသည်. ထိုအရာက မှုခင်းဆေးအဖွဲ့၏ ထင်မြင်ချက်နှင့် ကိုက်ညီသည်. မှုခင်းဆေးအဖွဲ့က လူသတ်သမားက အရပ် ၁၆၅ စင်တီကနေ ၁၇၅ စင်တီကြားရှိသည်ကိုလည်း ပြောခဲ့သည်.

"အာဟာရချို့တဲ့တာကို ခံစားနေတဲ့ပုံရှိတယ်...... သူက ရက်အတော်ကြာအောင် ရေမချိုးရသေးလို့ ညစ်ပတ်နေမယ်. လူတွေကြားထဲရောနှောနေရင်တောင် သူ့ပုံစံက အလွယ်တကူ ဖော်ထုတ်နိုင်ပါတယ်...

သူ့ရဲ့ စိတ်ရောဂါသမိုင်း‌ကြောင်းအနေနဲ့ လူတွေအပေါ် သံသယလွန်ကဲတဲ့ စိတ်ကစဥ့်ကလျားရောဂါနဲ့ ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ ဝေဒနာမျိုး‌တွေ ရှိနိုင်‌ချေရှိတယ်. လွန်ခဲ့တဲ့နှစ်တုန်းက စိတ်ပိုင်းဆိုင်ရာအဖွဲ့အစည်းတစ်ခုခုမှာ နေထိုင်ခဲ့ဖူးမယ်. ခင်ဗျားတို့ရဲ့ DNA ရလဒ်နဲ့ ဆေးရုံမှတ်တမ်းတွေကို အရင်ဆုံး တိုက်စစ်သင့်တယ်.

ပညာအရည်အချင်း --- အထက်တန်းကို အငယ်တန်း ဒါမှမဟုတ် အကြီးတန်းပဲ ပြီးလောက်မယ်. သူ့မှာ အလုပ်မရှိဘူး.. စာချုပ်နဲ့ အလုပ်လုပ်တာမျိုး.. ဒါမှမဟုတ် မိသားစုကိုပဲ မှီခိုနေတာမျိုး... ဒါမှမဟုတ် အစိုးရအထောက်အပံ့တွေနဲ့ နေတာမျိုး ဖြစ်နိုင်တယ်.....

တစ်ယောက်တည်း နေထိုင်တာက အများဆုံး ဖြစ်နိုင်ချေရှိတယ်. ဒါပေမယ့် အခြားမိသားစုဝင်တွေနဲ့ အတူနေထိုင်နိုင်ချေလည်း နည်းနည်းရှိတယ်.. သူက တစ်ယောက်တည်း နေထိုင်လိုပြီး အိမ်နီးချင်းတွေနဲ့လည်း ဆက်ဆံမှုသိပ်မရှိဘူး.. ဒါပေမယ့် အိမ်နီးချင်းတွေကတော့ သူ့ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကြောင့် သူ့ကို မှတ်မိနေလိမ့်မယ်.

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now