Chapter 39

1.6K 245 5
                                    

ကျောင်းကစားကွင်းတွင် ကျောင်းပေါက်ဝသို့ ဦးတည်သွားလာနေသော ကျောင်းသားများ၏ အချင်းချင်းစကားပြောဆိုသံများနှင့် ပြည့်နှက်ဆူညံနေသည်. Bao Jin Yan က လူအုပ်များကြားထဲမှ Huo Xiao Lu ကို ရှာတွေ့သဖြင့် ပြုံးလိုက်ပြီး
“သွားကြရအောင်.”

Jian Yao : “သွားမယ်? ဘယ်ကိုသွားကြမှာလဲ?”

Bao Jin Yan က ရှေ့သို့ ခြေလှမ်းလိုက်သည်. 
“ဖြစ်ရပ်မှန် လေ့လာမှု.. ဒီဆယ်ကျော်သက် မိန်းကလေးက စိတ္တဇဝေဒနာရှင် ဘယ်လိုဖြစ်သွားလဲဆိုတာ သွားရှာရအောင်..."
------------------------------------

ကျောင်းမှ လမ်းတစ်လမ်းမျှသာ ကွာခြားသော်လည်း ပတ်ဝန်းကျင်အခြေအနေက လုံးဝကွဲပြားနေသည်. မြို့၏ ဤနေရာအစိတ်အပိုင်းက တိတ်ဆိတ်နေသည်. ဆိုင်အများစုက ပိတ်ထားသည်. Huo Xiao Lu လျှောက်လှမ်းနေသော လူသွားစင်္ကြန်ငယ်လေးတွင် လမ်းမီးရောင် မှိန်မှိန်ကလေးသာ ထွန်းလင်းနေသည်.

Bao Jin Yan နှင့် Jian Yao တို့ သူ၏ Grand Cherokee ဖြင့် အနောက်ဘက်ခပ်လှမ်းလှမ်းမှ လိုက်နေသည်. ကားထဲသို့ ဝင်ပြီးချင်းမှာ Jian Yao က ကြီးကြပ်ရေးအရာရှိတစ်ဦးအား ဖုန်းခေါ်ဆိုလိုက်ပြီး Bao Jin Yan ၏ သုံးသပ်ချက်များကို ပြောပြလိုက်သည်. သူက အနည်းငယ်တော့ အယုံအကြည်မရှိပေ. သို့သော်လည်း သူတို့နှင့်အတူလိုက်ရန် အရာရှိနှစ်ဦးကို စေလွှတ်ပေးလိုက်သည်.

Jian Yao က ထိုအရာရှိမယုံကြည်ခြင်းကို မအံသြတော့ပေ. လက်ဗွေရာနှင့် DNA နမူနာ စစ်ဆေးမှု ရလဒ်များက သူတို့တွေ့ရှိချက်များနှင့် ကိုက်ညီသည်နှင့်တပြိုင်နက် သူတို့မှန်ကန်ကြောင်း အရာရှိများက သိလိမ့်မည်. နောက်ဆုံးတွင် မှုခင်းစိတ်ပညာက ဒီနိုင်ငံတွင် ပေါ်ထွက်လာမည်. ၎င်း၏ အကြောင်းတရားများကို လူအများ လက်ခံနိုင်ရန် အချိန်တော့ယူရပေမည်.

Bao Jin Yan က အရာရှိနှင့်Jian Yao တို့ စကားပြောပြီးသည်အထိ စောင့်နေသည်. ပြီးမှ
“ကျွန်တော့်ကို ပြောပြပါ.. ဘာက ခင်ဗျားကို သဘောပေါက်သွားစေတာလဲ?''

Jian Yao : “ကောင်းပြီ.. အပေါ်ယံကကြည့်ရင်တော့ Su Bei က သံသယရှိသူပေါ့. စောစောက ရှင်ပြောခဲ့တဲ့အတိုင်း Qi တောင်မှာ Ruan Ming Huai တွေ့ဆုံခဲ့တဲ့သူက Su Bei ဖြစ်နေတယ်. သူက ဓားတစ်ချောင်းဝယ်ခဲ့ပြီး ပေးရမယ့် လောင်းကစားအကြွေးတွေလည်း ရှိနေတယ်. Ruan Ming Huai နား လုယက်ဖို့ ရည်ရွယ်ထားတယ် ဆိုတာ ဖြစ်နိုင်တယ်. ဒါပေမယ့် သူသတ်ပစ်လိုက်ဖို့ထိ ရည်ရွယ်ထားသလားဆိုတာ ကျွန်မတော့ မသေချာဘူး.''

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now