Extra 05

1.6K 196 12
                                    

Cross over story with 'When a snail falls in loves'

Bao Jin Yan နှင့် Jian Yao တို့ မင်္ဂလာပွဲပြီး သိပ်မကြာခင်

အဲ့ဒီစုံတွဲနှစ်တွဲဖြတ်လျှောက်ခဲ့တဲ့ ဘဝတွေက တကယ်တော့ မင်းတို့စိတ်ကူးထားတာလောက် ဒရမ်မာမဆန်ပါဘူး...

နွေရာသီ၏ အပူချိန်အမြင့်မားဆုံးအချိန်..

စုံတွဲနှစ်တွဲသည် အမျိုးသားလုံခြုံရေးဌာနမှ စီစဉ်သည့် ညီလာခံအတွက် ကိုယ်စားလှယ်အနေနှင့် သွားရောက်ရသည်. တောင်များပတ်လည်ဝန်းရံထားသော အပန်းဖြေစခန်းတစ်ခုတွင် ကျင်းပသည်. ညနေပိုင်းများတွင် ကိုယ်စားလှယ်များအတွက် ထိုအပန်းဖြေစခန်းမှ ဝန်ဆောင်မှုပေးထားသည့် ကစားစရာများနှင့် ပျော်ရွှင်ရန်အတွက် အားလပ်ချိန်များ ရှိသည်.
------------------------

တညနေခင်းတွင် Bao Jin Yan က ဘီလိယက်ခုံများ ရှိသည့် အပန်းဖြေခန်းဆီသို့ Jian Yao ကို ခေါ်ဆောင်သွားသည်. သူတို့စတင်ဆော့ပြီး သိပ်မကြာခင်မှာပဲ Jian Yao က အခြားတနေရာသို့ အာရုံရောက်နေသည်ကို Bao Jin Yan သတိထားမိလိုက်သည်. သူ(မ)က အခြားသောအမျိုးသားတစ်ယောက်ကိုပဲ ကြည့်နေခဲ့သည်. ထို့ကြောင့်ပဲ သူအလွန်ကို စိတ်မချမ်းမြေ့ဖြစ်ရသည်.

"သူက ဘီလိယက်ဆော့တာ အရမ်းတော်တာပဲ...."
သူတို့နှင့် မီတာအနည်းငယ်လောက်သာ ကွာဝေးသောနေရာက ထိုခန့်ခန့်ညားညားအမျိုးသားကို ကြည့်ရင်း ပြောလိုက်သည်. သူ၏ဘေးနားတွင်လည်း သေးသွယ်သော မိန်းမလှလေးတစ်ယောက် ရပ်နေသည်. သူတို့က အဖေနှင့် သမီးနှင့်တော့ မတူကြပေ....
သူ၏ကောင်မလေး?
ဖြစ်နိုင်တယ်မလား.... အို..... ချစ်ဖို့ကောင်းလိုက်တာ...

Bao Jin Yan မော့ကြည့်လိုက်သည့်အချိန်မှာ ထိုအမျိုးသားကလည်း သူတို့ဘက်သို့ ခေါင်းလှည့်လာသည်နှင့် ကြုံကြိုက်သွားသည်. အမျိုးသားနှစ်ဦး တစ်ယောက်နှင့် တစ်ယောက် ကြည့်နေကြသည်.

အို..... သူ့ကို ငါသိတယ်... Ji Bai
အို.... ငါလည်း သူ့ကို သိတယ်..... Bao Jin Yan

Ji Bai က အပြုံးများနှင့် အနားသို့ လျှောက်လာခဲ့သည်.
"Hi."
"Hi."
"ကစားပွဲတစ်ခုလောက် ကစားကြမလား?"
"ဘာလို့မဖြစ်နိုင်ရမှာလဲ?"

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now