Jian Yao က Bao Jin Yan ၏ အိပ်ခန်းဘက်သို့ မျက်နှာမူထားသော နံရံပေါ် မှီချလိုက်သည်. ထို့နောက် နံရံကို ညင်သာစွာ ခေါက်လိုက်သည်. သုံးလကြာခဲ့ပြီ ဖြစ်သည်. သူ့ပုံစံမှာ ပြောင်းလဲခြင်းမရှိ. အိပ်ရာပေါ်တွင် ထိုင်လျက် အလုပ်လုပ်နေသည်.
ခေါက်သံကို ကြားလိုက်သည်နှင့် ခေါင်းမော့လာပြီး Jian Yao ကို ကြည့်လိုက်သည်. လက်ထဲမှ ဖိုင်အထပ်လိုက်ကို အောက်ချလိုက်ပြီး Jian Yao ဆီသို့ လမ်းလျှောက်လာသည်.
Jian Yao က ရင်ခံခါးစည်း နှင့် ရာဘာလက်အိတ်ရှည်ကို ဝတ်ထားဆဲ ဖြစ်သည်. ရှည်လျားသော ဆံပင်ကို အနောက်ဘက်၌ ကပိုကရိုစည်းထားသဖြင့် ဆံနွယ်အချို့က ပါးရိုးနှစ်ဖက်တွင် အသာအယာကျနေသည်. Bao Jin Yan က သူနှင့် အနီးဆုံးနား ရောက်သည်အထိ လျှောက်လာနေသည်. Bao Jin Yan ၏ သန့်ရှင်းဖြူဖွေးနေသော ရှပ်အင်္ကျီထံမှ အမွှေးရနံ့ကိုတောင် ရနိုင်သည်. သူ့မျက်လုံးမှာ တောက်ပနေသည်. အထက်စီးဆန်သည့် ပေါ့တန်တန်အပြုံးပြုံးထားသည်. Jian Yao လအနည်းငယ်ခန့် မကြားခဲ့ရသော ဩရှရှ အသံဖြင့် သူစကားစလိုက်သည်.
"လူလိမ်!''Jian Yao နှလုံးခုန်သံအချို့ စည်းချက်လွတ်သွားသည်ဟု ခံစားလိုက်ရသည်. သူအံကြိတ်မိတော့မလို ဖြစ်သွားသော်လည်း ကိုယ့်ကို လျင်မြန်စွာ စိတ်ဖြေလျော့လိုက်ရသည်.
သတိထားစမ်းပါ နင့်လက်ကို သူကိုင်တယ်ဆိုတာ နင့်ကို လူသတ်စက်ပေါ် လဲအိပ်စေချင်တုန်းကလေ. သူပြုလုပ်လိုက်တဲ့ အမူအရာတိုင်းက ဒီအတိုင်းပဲ... ဘာစိတ်ကူးယဉ်စရာ မှမရှိဘူး..
ထို့နောက် Jian Yao မေးလိုက်သည်.
"ဘာဆိုလိုချင်တာလဲ?''Bao Jin Yan ဂုဏ်ယူစွာဖြင့်
"ကြည့်ကြည့်လေ. ခင်ဗျားလုပ်နေပုံက ခင်ဗျားရဲ့ ကိုယ်ပိုင်တိုက်ခန်းလိုပဲ....''သူပြန်လာတဲ့အချိန်မှာ ငါက အိမ်သန့်ရှင်းရေးလုပ်ရုံတင်မကဘူး နေ့လည်စာကိုပါ ဒီကိုမှာစားထားမိတာကိုး... ဒါကြောင့် ငါနောက်ဆုံးတော့ အသိတရားရပြီး သူ့ဆီ ပြောင်းလာနေချင်ပြီလို့ သူထင်လိုက်တယ်.... ဖြစ်ရမယ်...
Jian Yao အခြေအနေတစ်ခုလုံးကို ရှင်းပြဖို့ ကြိုးစားလိုက်ရုံရှိသေးသည် Bao Jin Yan က စားပွဲကို ညွှန်ပြလိုက်ပြီး
"လက်ဆောင်. စားပွဲပေါ်မှာ.''
YOU ARE READING
(Unicode) When He Comes, Close Your Eyes - MM Translation {Completed}
RomanceAuther - Ding Mo Year - 2014 Status in COO - 84 Chapters + Extras (Complete) From https://www.novelupdates.com/series/when-he-comes-close-your-eyes/ Chinese Series. "Love me if you dare'' *** Still editing***