Chapter 13

1.8K 254 3
                                    

Bao Jin Yan မနက်တိုင်း ၁၀နာရီတွင် အိပ်ရာထသည်. မစောလွန်း မနောက်ကျလွန်းသောအချိန် ဖြစ်သည်. ပုံမှန်အတိုင်း အိပ်ရာထသည်နှင့် နေ့သစ်ကို ဖြတ်သန်းရန် အဆင်သင့်ဖြစ်လေပြီ. မီးခိုးရောင် ချည်သား လက်ရှည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည်. နောက်ပြီး ခြေဗလာဖြင့် လျှောက်သွားနေသည်. သူတကယ်ကို အိမ်တွင်းဖိနပ်စီးရသည်ကို သဘောမကျတတ်ပေ... အိပ်ရာထပြီး ပထမဆယ်မိနစ်အတွင်း သူအိပ်မှုန်စံမွှားဖြင့် လမ်းလျှောက်တတ်သည်. မှန်ရှေ့တွင်ရပ်ပြီး သွားတိုက်သည်. ပုံမှန်မနက်ခင်းတိုင်း၏ လုပ်ရိုးလုပ်စဉ်တိုင်းပင် ဖြစ်သည်.

Sun Yong အိပ်ရာအောက်တွင် တွေ့ရှိလိုက်သည့် နံပါတ်များက အတွေးတွင်ပေါ်လာသည်. ထိုနံပါတ်များ၏ အဓိပ္ပာယ်ကို ခုချိန်ထိ မတွေးတတ်နေသေးပေ...

ကော်ဖီ.. ပေါင်မုန့်ကင်.. Jam..

အစားအစာပြုလုပ်ခြင်းဖြင့် အချိန်တွေကို ဖြုန်းတီးရသည်ကို သဘောမကျသောကြောင့် နေ့ရက်တိုင်းကို တူညီသော မနက်စာများဖြင့် စတင်လေ့ရှိသည်. သို့သော် ပေါင်မုန့်ကို ကိုက်လိုက်သည်နှင့် Jian Yao တို့နှင့် အတူစားခဲ့သော ငါးဖက်ထုပ်ကို သတိရလိုက်သည်. ငါးဖက်ထုပ်ကို ချက်ပြုတ်တတ်ရန် လေ့လာသင့်သည်ဟု တွေးလိုက်သည်. ထိုဟင်းအတွက် သူ့အချိန်တွေကို ဖြုန်းပစ်ရန် တွေးမိလောက်သည်အထိ သူအလွန်သဘောကျမိသည်.

မနက်စာစားပြီးနောက် အင်္ကျီလဲလိုက်ပြီး စတင် အလုပ်လုပ်တော့သည်. US မှ ပို့လာခဲ့သော မှုခင်းဖိုင်အချို့ကို ဖတ်နေလိုက်သည်. ထိုစဉ် Fu Zi Yu ထံမှဖုန်းဝင်လာခဲ့သည်.

"Hi!"

နှုတ်ဆက်နေသံကို နားထောင်လိုက်ပြီးနောက် သူ၏စိတ်ပျော်ရွှင်နေသည်ကို Fu Zi Yu အာရုံခံမိလိုက်သည်.

"ငါသတင်းတွေကြားရပါတယ်. မင်း Killing Machine ကို ကောင်းကောင်းဖြေရှင်းပြီးသွားပြီဆို.."
"ဒါပေါ့..." Bao Jin Yan ပြုံးလိုက်သည်.
"ရိုးရှင်းတဲ့ ပုံမှန် အမှုမျိုးပါပဲ.. နည်းနည်းတော့ သေသေသပ်သပ် အဆုံးသတ်ဖို့ လစ်ဟာနေတာတော့ ရှိတယ်"

Fu Zi Yu သဘောတကျဖြင့်
"အံ့ဩစရာမရှိပါဘူး..FBI ထဲမှာတောင် မင်းက အာရုံစိုက်ခံထားရတဲ့သူတစ်ယောက်ပဲကို.. Mr. စိတ်ပညာပါမောက္ခ... စုံထောက်ကြီးရယ်"

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Where stories live. Discover now