Chapter 20

2K 268 5
                                    

Jian Yao နှင့် Bao Jin Yan တို့သည် လှပသည့် အဖြူရောင်ပန်းပွင့်ချပ်များ ပုံဖော်ထားသော ဥရောပဒီဇိုင်းနှင့်နံရံကို ဖြတ်လျှောက်လာခဲ့သည်. လှပ၍ ကြည်လင်သော ခရစ်စတယ် မီးဆိုင်းပန်းကြီးက ခန်းမအလယ်တွင် မျက်နှာကျတ်မှ တွဲလဲကျနေသည်. ကြီးမားသော ခန်းမကြီးကို ဈေးကြီးပြီး အလွန်နှစ်သက်ဖွယ်ကောင်းလှသော ပရိဘောဂများဖြင့် တန်ဆာဆင်ထားသည်.

ကျက်သရေရှိသော အမျိုးသမီးတစ်ဦးက ခန်းမအလယ်ရှိ စားပွဲဝိုင်းလေးတစ်ခုတွင် ထိုင်နေသည်. ရင်ပြတ်အင်္ကျီ ဝတ်ဆင်ထားသည့် Yin Zi Qi မှာ  လှပသည်.. ဆွဲဆောင်မှုရှိသည်.. ချဉ်းကပ်ရ ခက်ခဲသည်... ရယူရန်လည်း မလွယ်ကူနိုင်သည့် အရှိန်အဝါများ ခံစားရသည်...

သို့သော် သူ Bao Jin Yan ကို တွေ့လိုက်သည်နှင့် နူးညံ့သိမ်မွေ့သွားသည်. သူ Bao Jin Yan ကို စောင်းကြည့်လိုက်ပြီး
"နောက်ဆုံးတော့ ငါနဲ့အတူ အစားစားဖို့ ရောက်လာပြီပေါ့...''

Bao Jin Yan ထိုင်ခုံကို ဆွဲထုတ်ပြီး ထိုင်လိုက်ပြီးနောက် Jian Yao ကို လှမ်းပြောလိုက်သည်.
"ထိုင်ပါ.....''

Yin Zi Qi မတ်တပ်ရပ်လိုက်ပြီး Jian Yao ကို လက်ဆွဲနှုတ်ဆတ်ကာ ပြုံးပြလိုက်သည်.
"တွေ့ရတာ ဝမ်းသာပါတယ်.''

Jian Yao ပြန်လည်ပြုံးပြလိုက်ပြီး
"မင်္ဂလာပါ.. ဥက္ကဌ Yin.. ကျွန်မ Jian Yao ပါ...''

သုံးဦးသား ထိုင်လိုက်ကြသည်. Yin Zi Qi က Bao Jin Yan ကို ကြည့်လိုက်ပြီး
"နင့်လက်ထောက်က နင့်အတိုင်း မာနကြီးကြီးနဲ့ တမူထူးခြားတဲ့ လူထူးဆန်း ဖြစ်လိမ့်မယ်လို့ ငါထင်နေတာ..''

Jian Yao ပြုံးလိုက်ပြီး
"ကျွန်မ အဲ့လို မဟုတ်ပါဘူး...''

Bao Jin Yan က Yin Zi Qi ကို စိုက်ကြည့်လိုက်ပြီး ထေ့ငေါ့သံဖြင့် ပြောလိုက်သည်.
"ဒါ နင်ငါ့ကို ဘယ်လိုမြင်နေတယ် ဆိုတာပေါ?''

Bao Jin Yan ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိပြီး Jian Yao ဘက် လှည့်ကြည့်လိုက်ကာ
"ခင်ဗျားလည်း အဲ့လိုမြင်တယ်ပေါ့?''

Jian Yao နူးညံစွာ ဖြေလိုက်သည်.
"ကောင်းပြီလေ... ကျွန်မကို အရင်မတိုင်ပင်ပဲ ဘယ်သူကများ ဌာနပြောင်းရွေ့ပစ်တာလဲ?''

(Unicode) When He Comes, Close Your Eyes - MM Translation {Completed}Unde poveștirile trăiesc. Descoperă acum